ထောင်နှုတ်ခမ်းနှင့် မပြန်လမ်းကို လျှောက်ခဲ့သူ

0
490

“သတင်းတစ်ပုဒ်
ထမင်းတစ်လုပ်နဲ့
ထောင်နှုတ်ခမ်းကို နင်းရတယ်”
ယင်းစကားကို ပြောဆိုလိုက်သူက ဦးနု၊ ဦးနေဝင်းခေတ် သတင်းထောက် ဟောင်းကြီး ဦးအောင်သင်။
ထိုခေတ်က ထုတ်ဝေသည့် ဗိုလ်တ ထောင်၊ လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့ အလင်း၊ ကြေးမုံ၊ ဂါးဒီးယန်းတို့၌ မြိတ် မြို့နယ်၏ ကော်လံစား အလွတ်တန်း သတင်းထောက်အဖြစ် နယ်သတင်းများ ရေးသားခဲ့သူ။

ဗမာ့ခေတ်၊ ဟံသာဝတီ၊ အထောက် တော်၊ ပြည်တော်စိုးတို့တွင်လည်း ဆောင်းပါး၊ သတင်းဆောင်းပါးနှင့် စာညွန့်တချို့ ရေးသားခဲ့သော ဦးအောင် သင်က ယခု အသက် ၈၀ ရှိလေပြီ။
တစ်ထောင့်သုံးရာပြည့် အရေး တော်ပုံ(၁၉၃၈ ခုနှစ်)အတွင်း မွေးဖွားခဲ့ သူ ဦးအောင်သင် သတင်းထောက် စလုပ် သည်က အသက်က နှစ်ဆယ်စွန်းစ အရွယ်။ ပထမဆုံးသတင်းထောက်စလုပ် သည့်အချိန်က ဦးနေဝင်းအာဏာမသိမ်းမီ ဝန်ကြီးချုပ်ဦးနုခေတ်။

“ဦးနုခေတ်က သတင်းရေးရတာ အလွတ်လပ်ဆုံးပဲ။ သူ့ခေတ်ကို ခုထိမမီ သေးဘူး”ဟု သူက မှတ်ချက်ပြုသည်။
ဦးနေဝင်း အာဏာသိမ်းပြီး သုံးနှစ် လောက် အတိုင်းအတာတစ်ခုအထိ သတင်းစာ လွတ်လပ်နေသေးသည်ဟု သူက ပြောပြသည်။
“နောက်ပိုင်း သတင်းစာတွေကို ကျပ်လာတော့ မီးလောင်၊ လူသတ်၊ ဓား ပြတိုက်၊ လက်နက်မှု ဒါတွေပဲ ချာလပတ် လည် ရေးခဲ့ရတယ်”ဟု ဦးအောင်သင်က ဆိုသည်။

သူတို့ခေတ်က သတင်းတစ်ပုဒ်ကို ဗ၄ အရွယ်ရှိ စာရွက်၌ လက်ရေးဖြင့် ရှင်းလင်းသေသပ်စွာရေးပြီး သက်ဆိုင်ရာ သတင်းစာတိုက်အမည်၊ လိပ်စာစာရွက် လေးကပ်ကာ စာတိုက်မှတစ်ဆင့် ပေးပို့ ရသည်။ ပေးပို့လိုက်သည့် သတင်းက လေကြောင်းလိုင်း အဆင်ပြေလျှင် သုံးရက် အတွင်း ပါတတ်ပြီး တစ်ခါတစ်ရံ ဆယ် ရက်ဆယ့်ငါးရက်ထိလည်း ကြာတတ် သည်။
“ခုခေတ်က အင်တာနက်ခေတ်ဆို တော့ သတင်းပို့ရာမှာ အရမ်းလွယ်သွား တာပေါ့ ချက်ချင်းရောက်ချက်ချင်းပါတာ ပဲလေ”ဟု သူက လက်ရှိအနေအထားကို အားကျစကားဆိုသည်။

သတင်းတစ်ပုဒ်ပါလျှင် စာမူခကို လက်မစားနှင့် ရသည်။ သတင်းအရှည်ကို လက်မဖြင့်တိုင်းကာ စာမူခပေးသည်။ တစ်လက်မလျှင် သုံးကျပ်မှလေးကျပ် အထိ ရသည်။ တစ်လက်မ ၃ ကျပ်နှုန်း ဆိုက ၆ လက်မရှည်လျှင် ၎င်းသတင်း တစ်ပုဒ်အတွက် ၁၈ ကျပ်ရမည်။ သတင်း တစ်ပုဒ်က ၆ လက်မ မှ ၁၀ လက်မအထိ ရှည်တတ်သည်။
သတင်းစာပေါင်းစုံ၌ ကလောင်သုံး လေးမျိုးဖြင့် တစ်လလုံး အပုဒ်ပေါင်း နှစ်ဆယ်ခန့်ရေးနိုင်မှ ၂၅၀ ကျပ်မှ ၃၀၀ ကျပ်ခန့်ရသည်ဟု သူက ပြောပြသည်။ သို့သော်လည်း သတင်းရေးသားသည့် အလုပ်တစ်ခုတည်းဖြင့် မိသားစု စားဝတ် နေရေးက မဖူလုံ။

ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် ဇနီးသည်၏လစာနှင့် ကျောင်းနေအရွယ် သားသမီး ၈ ယောက်၏ နေထိုင်မှုဘ၀က ကြပ်ကြပ်တည်းတည်း။
သတင်းကလည်း လတိုင်းပုံမှန်မရှိ သဖြင့် မရေးပို့နိုင်။ သည်အတွက် စား ဝတ်နေရေးဖူလုံဖို့ သတင်းစာကိုယ်စား လှယ်အလုပ်ကိုပါ တွဲလုပ်ခဲ့ရသည်။ မြန် မာ့အလင်း၊ ဗိုလ်တထောင်၊ လုပ်သားမြန် မာ၊ ဟံသာဝတီ စသည့်သတင်းစာများကို ကိုယ်စားလှယ်လုပ်ကိုင်ပြီး သူ့မိသားစု ဘ၀ဟန်မပျက်အောင် နေထိုင်ခဲ့ရသည်။ ခုတော့ ဇနီးသည်ဆုံးပါးသွားသည်ပင် လျှင် နှစ်ပေါင်းက ၂၀ ကျော်ခဲ့ပြီ။

“ကိုယ့်အပေါ်မှာတော့ သူ(ဇနီး သည်)က ပါရမီဖြည့်ဘက်ပဲ”ဟု ပြော သည့် သတင်းထောက်အို၏အသံက ခပ် သဲ့သဲ့။
သတင်းထောက်တစ်ယောက်အနေ ဖြင့် သတင်းရရှိရန် ရဲစခန်းသို့ နေ့တိုင်း သွားရောက်ကာ F.I.R ဟုခေါ်သည့် ရဲမှတ်တမ်းများအား ကြည့်ရှုရခြင်းက လည်း မလုပ်မနေရ အလုပ်ဖြစ်သည်ဟု သူက ဆိုသည်။
အခက်ခဲဆုံးနှင့် အန္တရာယ်အများဆုံး သတင်းများက ယိုးဒယား၊ ပီနန်၊ မလေး ရှားနိုင်ငံများသို့ ရော်ဘာ၊ ခဲ စသည့် သ ယံဇာတများ ခိုးထုတ်နေသည့် မှောင်ခို လှေများနှင့် ဓားပြတိုက်မှုကြီးများ အကြောင်း စုံစမ်းထောက်လှမ်းသတင်း ရေးသားသည့် အခါတွင် ဖြစ်သည်။ ထိုအချိန်က အသက်အန္တရာယ်ကိုပါ ရန်ရှာခဲ့ခြင်းမျိုး ကြုံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“သတင်းတစ်ပုဒ်ရေးပြီး ထမင်းစား ရတာ အစိုးရကိုထိရင် ထောင်နှုတ်ခမ်း၊ မှောင်ခိုသမားကိုထိရင် မပြန်လမ်းပဲ”ဟု သတင်းထောက်အိုကြီးက ပြောသည်။
သတင်းရေးသူက သတင်းဓာတ်ပုံပါ ရိုက်ရသည်။
သတင်းဓာတ်ပုံအတွက် သူသုံးခဲ့ သည့် ကင်မရာက ထိုစဉ်က အညံ့ဆုံးစာ ရင်းဝင်။ အလင်းအမှောင် အနီးအဝေး ချိန်ရခက်ခဲပြီး ဆိုင်၌ကူးရာတွင်ပါ ရုပ် ပုံတချို့က ကြည်လင်ပြတ်သားမှု အား နည်းလှသည်။ ဓာတ်ပုံကူးခစရိတ်က လည်းမသေး။

ထိုစဉ်က ဦးသိန်းရွှေ၊ ဦးထွန်းကြိုင် (စာရေးဆရာ ရွှေမြိတ်မောင်)၊ သခင် အုန်းညွန့်၊ ဦးအောင်ကျော်ဒင်၊ ဦးသာစိန်၊ ဦးအင်စွမ်၊ ဦးကျော်သိန်းတို့က သူနှင့် ခေတ်ပြိုင် သတင်းထောက်များ ဖြစ်ကြပြီး အားလုံးက တိုက်ပိုင်တစ်ယောက်မျှမရှိ။
“နာမည်ကြီး စာရေးဆရာဖြစ်တဲ့ ရွှေမြိတ်မောင်က ကိုယ့်ဆရာပေါ့”ဟု သူ က ဂုဏ်ယူစွာ ဖွင့်ဟသည်။
ခုတော့ သူတို့အားလုံးလည်း ကွယ် လွန်သွားကြလေပြီ။ သူထက်နောက်ကျမှ လုပ်ခဲ့သည့် သူ့ထက်လည်း အသက် အများကြီးငယ်သည့် သတင်းထောက် ရှင်ထွန်းနှင့်သူသာ သက်ရှိထင်ရှား ကျန် နေသေး၏။

သူ့ခေတ်က သူ့အနေဖြင့် စံထားရ သည့်ဆရာများက ဦးသိန်းဖေမြင်  (တက် ဘုန်းကြီး)၊ ဗမာ့ခေတ်က မိုးကြိုး ဦးအုန်းခင်၊ အောင်ဗလခေါ် ကြေးမုံ ဦးသောင်း၊ ဟံသာဝတီမှ ဦးဝင်းတင်တို့ ဖြစ်ကြသည်။ ဦးနေဝင်း အာဏာသိမ်း ပြီးနောက် ဦးဝင်းတင် အယ်ဒီတာလုပ် နေသည့် ဟံသာဝတီသတင်းစာ၌ ဆောင်း ပါးရေးခဲ့သည်။
ဦးနေဝင်းတက်လာသည်မှ စကာ သတင်းစာတိုက်များ၌ သတင်းဆောင်းပါး ကြပ်တည်းမှု ဖြစ်လာသလို သတင်းစာ ဆရာလွတ်လပ်ခွင့်ပါ တဖြည်းဖြည်းဆုံး ပါးလာပြီး နယ်သတင်းထောက်များအဖို့ မှုခင်းသတင်းများနှင့်သာ ရပ်တည်ခဲ့ရ ကြောင်း သူက ပြောသည်။

“မြိတ်မှာရှိတဲ့ တချို့သတင်းထောက် တွေက ရွှေပြည်အေး သတင်းတွေရေးပြီး အနေအစား ချောင်တဲ့အချိန်ပေါ့။””ရွှေပြည်အေး”သတင်းဆိုသည်က အစိုးရ ရော မှောင်ခိုစီးပွားရေးတို့ပါ မငြိုငြင် နိုင်သည့် အစိုးရအခမ်းအနားသတင်း များ၊ လမ်းဖောက် ကျောင်းဆောက်သတင်း များကို ဆိုလိုခြင်း ဖြစ်သည်။
မဆလခေတ် တစ်လျှောက်လုံး သတင်း ထောက်ဘ၀ကို မလူးသာမလွန့်သာ ရပ်တည်ခဲ့ရပြီး သားသမီးလူလားမြောက် ချိန် ၁၉၈၈ နှောင်းပိုင်းတွင်တော့ သတင်း ထောက်အလုပ်ကို ရပ်နားကာ စာရေး ဆရာလောကထဲ ဝင်ခဲ့လိုက်တော့သည်။

ထိုနောက် မြန်မာနိုင်ငံ စာပေလုပ် သားအဖွဲ့၌ ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း မြိတ်ခရိုင် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အချိန်ပိုင်းမြို့နယ် တရား သူကြီးအဖွဲ့၌လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့ပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များ၌ သတင်းထောက်အောင်သင်၊ မောင်ဘုန်းပြည့်အောင်၊ အောင်သင် (မြိတ်)အပြင် တခြားကလောင်ခွဲများ ဖြစ်လည်း ကဗျာ၊ဆောင်းပါး၊ ဝတ္တုတို၊ စာညွန့်များ ရေးသားခဲ့သည်။
ဦးအောင်သင်၏ သတင်းအရေး အသားမှာ တိုတိုထိထိဖြင့် ရှင်းလင်းပြတ် သားလှကြောင်း ဦးအောင်သင်၏ အရေး အသားကို ဖတ်ရှုဖူးသည့် မြိတ်မြို့ကန် ခေါင်းရပ်မှ အသက် ၇၀ အရွယ်ရှိပြီဖြစ် သော ဦဘရှင်က ပြောသည်။
ဦးအောင်သင်သည် ကဗျာ၊ ဆောင်း ပါးတို့လည်း အရေးကောင်းသူဟု ဦးဘရှင် က ဆိုသည်။

“ကိုယ်တွေ ကျောင်းစာစောင်မှာ ရေးကြတော့ သူကပဲ တည်းဖြတ်ပြင်ဆင် ပေးတယ်”ဟု မှတ်မှတ်ရရ ပြန်ပြောပြပါ သည်။
ဦးအောင်သင်ကမူ သူ့အလုပ်သူ လုပ်ခဲ့ကြောင်း ပြောသည်။ သူ့အလုပ်က မွန်မြတ်သည့် အလုပ်ဟု ခံယူသည်။
“သတင်းတစ်ပုဒ် ထမင်းတစ်လုပ် ဆိုပေမဲ့ ဒါက ပြည်သူအတွက် အမှန် တရားကိုရေးပြီး စားရတဲ့မွန်မြတ်တဲ့ ထမင်းတစ်လုပ်ပါပဲ”ဟု သူ့ကိုယ်ပိုင်ခံ ယူချက်ကို ပြောသည်။
ယခုသူ သတင်းများကို မထုတ်လုပ် မရေးသားတော့။ သို့သော် သတင်းများကို မပြတ်တမ်း စားသုံးသူအဖြစ် ရှိနေဆဲ။ သူ့ကိုတွေ့သည့်အချိန်တိုင်း တုန်ရီနေ သည့် သူ့လက်ထဲမှာတော့ သတင်းစာ တစ်စောင်က အမြဲတမ်းရှိနေသည်။
သတင်းထောက်အလုပ်ကို စွန့် လွှတ်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်နီး ပါးရှိနေပြီဖြစ်သော်လည်း သတင်းနှင့် သတင်းစာကိုတော့ ဖတ်နေ၊ နားထောင် နေမြဲ။

မနက် ၁၁ နာရီနံနက်စာ စားပြီး သည့်အချိန်မှစပြီး လွယ်အိတ်တစ်လုံးထဲ ဖတ်စရာ သတင်းစာ ဂျာနယ်တစ်စောင်ကို ထည့်ပြီး အိမ်နှင့်မလှမ်းမကမ်း ဘုရား ကျောင်း၌ တစ်နေကုန်နေမည်။ ပုံမှန် သတင်းစာဖတ်မည်။
မိုးချုပ်အိမ်ပြန်ပြီး ညစာစားမည်။ ပြီးလျှင် တီဗွီကလာသည့် သတင်းများ ကြည့်ချင်ကြည့်မည်။ ရေဒီယိုနားထောင် ချင် ထောင်မည်။ အတွေးရလျှင် စာတစ် ကြောင်းနှစ်ကြောင်း ကောက်ရေးချင်ရေး မည်။ ဒါက လက်ရှိ နိစ္စဓူဝ သူ့အလုပ်။
“သတင်းဆိုတာ သိချင်စိတ်ကို အ မြဲတမ်း နှိုးဆွနေတယ်၊ စိတ်ကျန်းမာ ရေးကိုလည်း အထောက်အပံ့ပေးတယ်” ဟု ဦးအောင်သင်က ပြောသည်။

ယခုတော့ သတင်းထောက်ဟောင်း ကြီးက သတင်းစာထည့်ထားသည့် လွယ် အိတ်ကိုလွယ်ကာ တုံ့နှေးသည့် ခြေ လှမ်းများဖြင့် ဘုရားကျောင်းလေးဆီသို့ တစ်ရွေ့ရွေ့။