ဆလုံလူမျိုးဆိုင်ရာ ပြခန်းပါသည့် ယဉ်ကျေးမှုပြတိုက် ၅ လအတွင်း အပြီး ဆောက်မည်

0
373

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် တွင် တည်ဆောက်မည့် ယဉ်ကျေးမှုပြ တိုက်အား ၅ လအတွင်း လမ်းဦးစီးဌာနမှ ကြီးကြပ်၍ အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြတိုက်တွင် ဆလုံလူမျိုး တို့၏ အသက်ရှင်နေထိုင်ပုံ ရိုးရာဓလေ့ ထုံးတမ်းများပါသည့် ပြခန်းများအပါ အဝင် ထင်ရှားသည့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ကျွန်းအလှပြခန်းများ၊ ရေပေါ်ရေအောက်ရှိ သဘာဝသယံဇာတ ပြခန်းများကိုလည်း ခင်းကျင်းပြသမည် ဖြစ်ကြောင်း သိရသည်။

ပြတိုက် စတင်ဆောက်လုပ်ရန် ဇူလိုင်လ ၂၃ ရက်က စာတင်အကြောင်း ကြားထားပြီး ပြတိုက်ဆောက်မည့် နေ ရာနှင့် ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် တွင် ဝေဖန်မှုများ ရှိနေသည်ကိုလည်း တွေ့ရကြောင်း ကော့သောင်းမြို့နယ် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးအောင်ဆွေသက်က ပြောသည်။

“တရားဝင်စာနဲ့ ကန့်ကွက်မယ့်သူ တော့ ခုချိန်ထိ မရှိသေးပါဘူး”ဟု ဦးအောင် ဆွေသက်က ပြောသည်။
ပြတိုက်အတွက် ယင်းနေရာအား အသုံးပြုပါက အများပြည်သူအသုံးပြုနေ သည့် ကွင်းပြင်တစ်ခုဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ဝေဖန်နေကြ သည်ဟု ကော့သောင်းမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

“ယဉ်ကျေးမှုပြတိုက်ဆိုတာ ခြံနဲ့ဝင်းနဲ့သီးသန့်နေရာမျိုးဆို ပိုသဘောကျ တယ်၊ ခုဒီမှာက ရွေးစရာနေရာလည်းသိပ် မတွေ့ဘူး၊ ဒီနေရာရဲ့ ရာသီဥတုကို လက်တွေ့သိနေတော့ လေဒဏ်မိုးဒဏ် ခံနိုင်အောင် စနစ်တကျနဲ့ အခိုင်အမာ တည်ဆောက်နိုင်မယ်ဆိုရင်တော့ အဆင် ပြေတယ်၊ မလုပ်စေချင်တာတော့ မဟုတ် ဘူး၊ တကယ်ဧည့်သည်ဝင်လာအောင် လုပ်နိုင်ရင်တော့ ဒီရပ်ကွက်နဲ့ မြို့အတွက် အကျိုးရှိလာနိုင်မှာပါ ပိုက်ဆံတွေတော့ အလဟဿ မဆုံးရှုံးစေချင်ဘူး”ဟု သီရိ မြိုင်ရပ်ကွက်မှ ကိုဇာနည်က ပြောသည်။
ယခုပြတိုက်တည်ဆောက်မည့် သီ ရိမြိုင်ရပ်ကွက်ရှိ ကွင်းဧရိယာမှာ ကွင်း အရှည် ၁၅၈၀ ပေ အကျယ် ၂၀၀ ပေခန့် ရှိကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

ယခု တည်ဆောက်မည့် ယဉ်ကျေးမှု ပြတိုက်မှာ ပေ ၈၀_၃၅ တစ်ထပ် အဆောက် အဦဖြစ်ပြီး ခြံဝင်းလုပ်ဖြစ်ပါက ဧရိယာ ပေ ၂၀၀ ခန့်ရှိနိုင်မည်ဟု အဆောက်အဦ တည်ဆောက်ပေးမည့် အင်ဂျင်နီယာ ကိုတင်မိုးအောင်ထံမှ သိရသည်။
ယင်းပြတိုက်ကို ကော့သောင်းမြို့ တွင် ကျင်းပခဲ့သည့် ခရီးသွားရင်းနှီးမြှုပ် နှံမှုပွဲတော်မှ ရရှိခဲ့သည့် အလှူငွေ ကျပ် ၄၁၅ သိန်းဖြင့် ကနဦး မတည်အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း သိ ရသည်။