အချိန်ကြာမြင့်စွာ ထောင်ထားသည့် ကြော်ငြာဗွီနိုင်းများ စည်ပင်ဖြုတ်သိမ်းမည်

0
392

ကော့သောင်းမြို့နယ် စည်ပင်ပိုင် နယ်နမိတ်အတွင်း စိုက်ထူထားသည့် တရားပွဲ၊ ပရဟိတကြော်ငြာဗွီနိုင်းများ အား စည်ပင်က ဖြုတ်သိမ်းသွားမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ်စည် ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
လူမူရေး အသင်းအဖွဲ့များ၏ကြော်ငြာ များ လမ်းဘေးဝဲယာတစ်လျှောက် တစ်ချို့ နေရာများတွင် အချိန်ကာလကြာမြင့်စွာ စိုက်ထူထားသည်ဟု စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

အဆိုပါ ကြော်ငြာများ စိုက်ထူမည် ဆိုပါ စည်ပင်ကို အသိပေးပြီး စည်ပင် က စိစစ်ကာ ခွင့်ပြုပေးရမည် ဖြစ်သော် လည်း အသိပေးသူ နည်းသည်ဟု ဦးဘဂွမ် က ပြောသည်။
“စီးပွားရေးကြော်ငြာတွေ မဟုတ် တဲ့ ပရဟိတနဲ့ တရားပွဲတွေ၊ အသင်းအဖွဲ့ ကိစ္စနဲ့ပတ်သက်တာတွေက သူတို့ပွဲတော် ကျင်းပချိန် ကျော်လွန်ပြီးရင်တော့ ပြန် ဖယ်ပေးရမယ်”ဟု ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အ ရာရှိ ဦးဘဂွမ်က ပြောသည်။

အဆိုပါ ကြော်ငြာများကို ပြန်ဖြုတ် သိမ်းရာ သက်ဆိုင်သူများအား အသိပေး ထားပြီး လာမဖယ်ပါက မြို့အင်္ဂါရပ်နှင့် မညီသည်များကို စည်ပင်က ဖယ်ရှား မည်ဟု ဦးဘဂွမ်က ပြောသည်။
ကော့သောင်း ပြည်သူ့ဆေးရုံ အ ရှေ့ဘက်နှင့် ပုလဲလမ်းဆုံထိပ်၊ အဝိုင်း ပတ်နားတို့တွင် အချိန်ကြာမြင့်စွာ ကပ် ထားသည့် ဗွီနိုင်းဆိုင်းဘုတ်များ ပျက်စီး ယိုယွင်းနေပြီး သက်ဆိုင်ရာ ကြောငြာ ရှင်များမှ ဖြုတ်သိမ်းခြင်း မရှိသည့်အ တွက် အမြင်မတင့်တယ်ဖြစ်နေကြောင်း ဒေသခံများကြား ပြောဆိုဝေဖန်မှုများ လည်း ရှိနေသည်။

“ပွဲတစ်ခုလုပ်ဖို့အတွက် ကြော်ငြာဗွီ နိုင်းထောင်ဖို့ စည်ပင်မှာ တစ်ခါတော့ စာတင်ဖူးတယ်၊ ခွင့်ပြုမိန့်ထဲမှာ ဘယ် ချိန်ပြန်သိမ်းရမလဲတော့ တိတိကျကျ ရေးထားတာတော့ မရှိပါဘူး၊ ခွင့်ပြုချက် ထဲမှာ မပါပေမယ့် ပွဲပြီးတဲ့အခါ ကိုယ့်အ သိနဲ့ကိုယ် ကြော်ငြာထားတာတွေ ပြန် သိမ်းပေးပါတယ်”ဟု ပိတောက်ရွှေဝါ ရပ်ကွက်မှ ဦးအောင်ကိုက ဆိုသည်။

ကော့သောင်းမြို့တွင် စီးပွားရေး ကြော်ငြာ၊ တရားပွဲ၊ ပရဟိတနှင့်တခြား ကြော်ငြာများ ဆိုင်းဘုတ်ထောင်၍ အ များပြည်သူအား အသိပေးလေ့ရှိပြီး စီး ပွားရေးကြေငြာများအတွက်တော့ တစ် နှစ်တစ်ကြိမ် လုပ်ငန်းလိုင်စင်ထုတ်ပေး၍ အခွန်ဆောင်ရမည်ဖြစ်ကြောင်း စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။