လူပြိန်းကြိုက်ဝါဒ (Populism) နဲ့ ပြည်သူ့ရေးရာ မူဝါဒအပေါ် သက်ရောက်မှု (၁)

0
515

လူပြိန်းကြိုက်ဝါဒီ (Populist) တွေအကြောင်း၊ သူတို့ကြောင့် ပြည်သူ့ ရေးရာ မူဝါဒတွေမှာ ဆိုးကျိုးသက် ရောက်ရပုံတွေ ဆောင်းပါးအချို့ ဖတ်မိ တယ်။ အထူးသဖြင့်တော့ လက်ရှိ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ကိစ္စတွေပါ။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ဆိုရင် ဆန်စပါးကိစ္စ အရှုပ် တော်ပုံတွေကနေ ပြည်ပကို ထွက်ပြေး သွားရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နာမည် ကျော် The Economist မဂ္ဂဇင်းကဆိုရင် လက်တင်အမေရိကမှာ လက်ဝဲယိမ်း ခေါင်းဆောင်တွေ တက်လာတာကို ထောက်ပြလို့ “လူပြိန်း ကြိုက်ဝါဒီတွေ ပြန်လာပြီ” (The return of populism) ဆိုပြီး သုံးသပ်ရေးခဲ့သေးတယ်။ ဘိုလစ်ဗီးယားမှာ အီဗို မိုရေးလ် (Evo Morales)၊ ချီလီမှာ မစ်ချဲ ဘာရှလေး (Michelle Bachelet)၊ ပီရူးနိုင်ငံ သမ္မတရွေးချယ်ပွဲ ပထမအသုတ်မှာ အိုလန် တာဟူမာလာ (Ollanta Humala) ရွေး ချယ်ခံရတာကို ခြုံငုံသုံးသပ်ရေးတာပါ။ ဗင်နီဇွဲလားမှာ ဟူဂို ချားဗက်စ် (Hugo Chávez) ရှိပြီးသား၊ ဘရာဇီးလ်မှာတော့ လူးဝစ် ဆီးလ်ဗား (Luiz Inácio Lula da Silva) ၊ အာဂျင်တီးနားမှာ နက်စ်တာ ကာ့ချနာ(Néstor Kirchner).. .. စသည်ဖြင့် လက်တင်အမေရိက တစ်ခု လုံး မြိုင်မြိုင်ဆိုင် ဖြစ်နေခဲ့ပါတယ်။

ဖတ်ရတဲ့ ဒီလို ဆောင်းပါးတွေမှာ အထူးသဖြင့်၊ လူပြိန်းကြိုက်ဝါဒီ နိုင်ငံ ခေါင်းဆောင်တွေ ဦးဆောင်ချမှတ် အကောင်အထည် ဖော်ကြလို့ နိုင်ငံတွေ မှာ ဘဏ္ဍာငွေကြေး ထိခိုက်နစ်နာရတာ၊ အခြား မူဝါဒရေးရာ သက်ရောက်မှုတွေ ဖြစ်ရတာတွေကို ရေးသားကြပါတယ်။ ထိုင်းနိုင်ငံက သတင်းစာတွေမှာ လူပြိန်း ကြိုက်ဝါဒီ ဝန်ကြီးချုပ်ဟောင်း သက်ဆင် နဲ့ နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဖြစ်လာသူ သူ့ညီမ ယင်လတ် ရှီနာဝတ်တို့ကြောင့် တိုင်းပြည်ဘဏ္ဍာ ထိခိုက်နစ်နာရပုံတွေ ကို ဝေဖန်ရေးသားထား ဖတ်ရပါ တယ်။ ရာဇဝတ် ပြေးသဖွယ်ဖြစ်နေတဲ့ ဝန်ကြီး ချုပ်ဟောင်း မစ္စယင်လတ်လက်ထက်မှာ ဆန်/စပါးဈေး ကြိုပေးပြီး လယ်သမား တွေဆီက ဝယ်ယူသိမ်းပေးထားတဲ့ ဈေးနှုန်းတည်ငြိမ်ရေး စီမံကိန်း(rice-pledging scheme) ကြောင့် ထိုင်းဘဏ္ဍာ ထဲက ဘတ်ငွေ ၅၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံခန့်) နစ်နာ ဆုံးရှုံး ရတယ်လို့ ဆိုပါတယ်။
အစောပိုင်းတုန်းက အချို့ခေါင်း ဆောင်တွေဟာ တိုင်းပြည်စီးပွားရေး အကျပ်အတည်းကို ပြန်လှုံ့ဆော်နိုင် အောင်၊ တဖက်ကလည်း သူတို့ကို လူထု ထောက်ခံမှု ပိုများလာအောင် တိုင်းပြည် ဘဏ္ဍာငွေကို ဖောဖောသီသီသုံး အစီအစဉ် တွေ ဆောင်ရွက် တတ်တာမျိုးရှိခဲ့ပါ တယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်မှာ တစ်ရွာကို ဘတ် ငွေတစ်သန်းချေးပေးတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်တာမျိုးအပြင်၊ အခြား လူများကြိုက် စီမံကိန်းအများအပြား ဆောင်ရွက်ခဲ့ပါတယ်။

လွှတ်တော်ထဲမှာ သူ့ပါတီက အမတ်အများစု အနိုင်ရရှိ ထားတော့ သူတို့လုပ်ချင်တာတွေအတွက် ထောက်ခံမှုရဖို့ မခက်လှပါဘူး။ ထိုင်းနိုင် ငံကနေ သက်ဆင် ထွက်ပြေးရပြီးနောက် ပိုင်းလည်း သူ့ညီမဖြစ်သူ ယင်လတ် ရှီနာဝတ် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ဆန်စိုက်တောင်သူ လယ်သမားတွေ အတွက် ဈေးနှုန်းတည်ငြိမ်မှု အာမခံ ချက်ရဖို့ဆိုပြီး၊ အစိုးရက ငွေစိုက်ထုတ် စပါး^ဆန်တွေ ဝယ်ယူထိန်းသိမ်း ပေးပါ တယ်။ လယ်သမားတွေကတော့ ကြိုက် ပါတယ်။ ထောက်ခံမှုရပါတယ်။ ဒါပေ မယ့် နောက်ဆုံး စီမံခန့်ခွဲမှု ပြဿနာ တွေကြောင့် အစိုးရ အရှုံးပေါ် ရပါတယ်။ နစ်နာမှုတွေကြောင့် တက်လာတဲ့ စစ် အစိုးရ ယင်လတ်ကို ပြန်လို့ တရားစွဲဆို ခဲ့ပါတယ်။ (အခြားနိုင်ငံရေး ရည်ရွယ် ချက်လည်း ရှိကောင်း ရှိနိုင်ပါတယ်)။

ကျွန်တော်တို့နဲ့ ဝေးတဲ့နိုင်ငံတွေ မှာလည်း လူပြိန်းကြိုက်ဝါဒီ ခေါင်းဆောင် လို့ ကျော်ကြားသူတွေ တွေ့နေရပါ တယ်။ အထူးသဖြင့် ရေနံနဲ့ကြွယ်ဝလာ တဲ့ ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်စ်၊ ကွန်ဆာဗေးတစ် ခေါင်းဆောင် တူရကီ နိုင်ငံက အာဒိုဂင်၊ ရွေးကောက်ပွဲတွေမှာ အနိုင်မရခဲ့သော်လည်း မဲအများအပြား ရရှိခဲ့တဲ့ အင်္ဂလန်နိုင်ငံကUK Inde-pendence Party  ခေါင်းဆောင် ဒေါက်ဂလပ်စ်ကားစ်ဝဲ(Douglas Carswell) ၊ ပြင်သစ်နိုင်ငံက သမ္မတ လောင်း မာရင်း လီပန် (Marine Le Pan) တို့လို ခေါင်းဆောင်တွေ ရှိနေပါ သေးတယ်။ အထူးခြားဆုံး လူပြိန်း ကြိုက်ခေါင်းဆောင်တွေကတော့ အမေရိ ကန် ရွေးကောက်ပွဲမှာ သမ္မတဖြစ်လာခဲ့တဲ့ ဒေါ်နယ်ထရမ့်ပါပဲ။ သူက American First (အမေရိကန်နိုင်ငံ အကျိုးစီးပွားတွေ အတွက်သာ ပထမ)ဆိုတဲ့ သူ့ရဲ့ မူဝါဒ၊ အသစ်ဝင်ရောက် ပြောင်းရွှေ့အခြေချ လာသူတွေကို ဆန့်ကျင်တဲ့အမြင်၊ ရမ်း ကားတဲ့ အပြောအဆိုတွေကြောင့် ပိုလို့ နာမည်ဆိုးနဲ့ ကျော်ကြားနေရသူ ဖြစ်ပါ တယ်။

လူပြိန်းကြိုက်ဝါဒ (Populism) ဆိုတာဘာလဲ
အဓိပ္ပာယ်တိတိကျကျ ဖွင့်ဆိုဖို့ ခက်ပါတယ်။ တိုက်ရိုက်ဘာသာပြန် မယ်ဆိုရင်တော့ သာမန်လူအများကြိုက် မူဝါဒတွေ ဟောပြောနေတဲ့၊ လုပ်ကိုင်နေ တဲ့ နိုင်ငံရေးသမားပေါ့။ အကောင်းဘက် က ပြောရင်တော့ သာမန်လူအများရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးသမားလို့ ဆိုနိုင် ပါတယ်။ ဒါပေမယ့်လည်း တကယ့် အဓိပ္ပာယ်က လူအများစု နောက်မြီးဆွဲ၊ လူထုထောက်ခံမှုရဖို့ လှည့်ဖြားနေသူ သဘောမျိုး အဓိပ္ပာယ်နဲ့ ပြောဆိုနေကြ တာပါ။ အရင်ကာလတွေတုန်းကလည်း လူထုသည်းခြေကြိုက်၊ လူထုတွေ ခံစားရ မှုတွေကို နင်းပြီး ဟောပြောသူ နိုင်ငံရေး သမားတွေကို ဒမဂုတ်(demagoue)လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

ဒါဆိုရင် လူပြိန်းကြိုက်ဝါဒဆိုတာ ဘာလဲ… ကြည့်ဖို့ လိုပါလိမ့်မယ်။ နိုင်ငံရေးပညာရှင်တွေ ပြောကြတာက လူပြိန်းကြိုက်ဝါဒဆိုတာ တကယ့်နိုင်ငံ ရေးဝါဒတစ်ခုလည်း မဟုတ်ပြန်ဘူးတဲ့။ ပါးလျတဲ့ အယူအဆ “thin ideology” လောက်ပါပဲတဲ့။ ဒေသတစ်ခုနဲ့ တစ်ခု လည်း ကွဲပြားပါသေးတယ်။ နိုင်ငံရေး ရည်မှန်းချက်၊ ခေါင်းစဉ်တစ်ခုအတွက် လုပ်ဆောင်နေကြတဲ့၊ သေးငယ်တဲ့ အစိတ်အပိုင်းလောက်ပါပဲတဲ့။Populism: A Very Short Introduction (လူပြိန်းကြိုက်ဝါဒ- အတိုချုပ် မိတ်ဆက်)စာအုပ်ရေးတဲ့ ဂျော်ဂျီယာ တက္ကသိုလ်က ပါမောက္ခ ကပ်စ် မတ်ဒီ(Cas Mudde)က ပြော တာပါ။

ကျွန်တော်တို့ မကြိုက်ကြတဲ့ ဖက်ဆစ်ဝါဒလို မျိုးမှာတောင် လုံးစေ့ ပတ်စေ့၊ ဘက်စုံထောင့်စုံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုအသိုက်အဝန်းနဲ့ ပတ် သက်လို့ အမြင်/အယူအဆတွေ ရှိနေ တတ်ပါတယ်။ မှားရင်သာ မှားနေမယ်၊ အများအမြင်နဲ့ လွဲချော်နေရင်သာ လွဲ ချော်မယ်။ တတ်နိုင်သလောက် သူတို့ အမြင်၊ သူတို့ရှုထောင့်က ဖွင့်ဆိုတတ် ကြတာမျိုးပါ။ လူပြိန်းကြိုက် ဝါဒမှာ တော့ အဲသလို ကျိုးကြောင်း ဆီလျော်၊ ဘက်စုံထောင့်စုံ အယူအဆဖွင့်ဆို ဆွေး နွေးမှုတွေ ရှိမနေတတ်ပါဘူး။ သူတို့ ကတော့ တည်ရှိနေပြီးဖြစ်တဲ့ နိုင်ငံရေး စနစ်ကို မလိုလားဘူး၊ မှားနေတယ်၊ ကန် ထုတ်ပစ်ဖို့ပဲ ကောင်းတယ်ဆိုပြီး တောင်း ဆိုတတ်ကြပေမယ့် သူတို့မကြိုက်တဲ့ စနစ်ကို အသစ်ဘယ်လိုစနစ်နဲ့ ပြန် အစားထိုးရမယ်ဆိုတာမျိုး တိတိကျကျ မဖော်ပြကြပါဘူး။ သူတို့က သင့်ရာ ကြုံရာ အယူအဆတွေကို ကောက်ယူ ဟောပြောကြပါတယ်။ တခါတလေမှာ တော့ လက်ဝဲ- တစ်ခါတစ်လေ လက်ျာ၊ ဆိုရှယ်လစ်၊ အမျိုးသားရေး အိုင်ဒီယာ ပေါင်းစုံကို ရောကျော်လုပ်ပြီး ဖော်ပြပြော ဆိုတတ်ကြတယ်လို့ ဆိုပါတယ်။

၁၉ ရာစု ရုရှားနိုင်ငံမှာတော့ လူပြိန်းကြိုက်ဝါဒီတွေဆိုတာ လူလတ် တန်းစား ပညာတတ်တွေဖြစ်ပြီး၊ သူတို့ က လယ်သမားတွေအရေး ရှေ့ဆောင် ပြောဆိုပေးကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၅၀ ကာလ ပြင်သစ်နိုင်ငံက နိုင်ငံရေးသမား ပယ်ရီပူဂျေး (Pierre Poujade) ကနေ အခု မာရီလီပန်တို့ ကတော့ အင်အားနဲတဲ့ လူများ (little man) အရေးကို ရှေ့တန်းတင် ပြောဆို ပေးကြပါတယ်။ ဥပမာအားဖြင့် ကော်ပို ရေးရှင်းကြီးတွေ၊ သမဂ္ဂတွေ၊ နိုင်ငံခြား သားတွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင် ဆိုင်နေကြရတဲ့ ဆိုင်ပိုင်ရှင်ငယ် ကလေး တွေ ကိုယ်စား ပြောဆိုပေးကြသူတွေပါ။ အမေရိကန်နိုင်ငံရဲ့ လူပြိန်းကြိုက်ဝါ ဒီတွေမှာတော့ ကျေးလက်နဲ့ ရေသောက် မြစ်ချိတ်ဆက်မှု ရှိတယ်လို့ ဆိုပါတယ်။ အရင်းရှင် ကုမ္ပဏီအစုကြီးတွေရဲ့ အန္တ ရာယ်ကို ရင်ဆိုင်နေကြရတဲ့ ကျေးလက် ကိုယ်စား ပြောဆိုပေးကြသူတွေပါ။ ဒါပေမယ့် ဒီလိုနိုင်ငံရေးသမားတွေရဲ့ ထူးခြားချက်ကတော့ အပြောအဟော ကောင်းသူတွေပါ။ လူထုကြည်ညို ထောက်ခံမှုရအောင် ဆွဲဆောင်တတ်ကြ သူတွေပါ။ သူတို့က လူထုတွေရဲ့ နစ်နာ ချက်ကို ထောက်ပြလို့ ပြောဆိုစည်းရုံး ကြပါတယ်။ ဒီခေါင်းဆောင်တွေက သူတို့နောက်လိုက် လူထုတွေနဲ့ သူတို့ ခေါင်းဆောင်မှု တိုက်ရိုက်ချိတ်ဆက်မှုကို ရှာကြပါတယ်။

တူညီသော အချက်များ
လူပြိန်းကြိုက်ခေါင်းဆောင်တွေကို လေ့လာသူတွေက တူညီတဲ့အချက်တွေ လည်း ရှိကြတယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ “အမျိုးသားရေး ဝါဒ”ပါ။ သူတို့က နိုင်ငံခြားဩဇာလွှမ်းမိုး မှုတွေကနေ အမျိုးသားရေး ယဉ်ကျေးမှု၊ ကြန်အင်လက္ခဏာတွေကို ကာကွယ်ပေး သူသဖွယ် ပြောဆို ကြပါတယ်။ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်တုန်း ကလည်း ကုလသမဂ္ဂ (UN)ဟာ သူ့အဖေ မဟုတ်ဘူး။ ကုလသမဂ္ဂပြောတိုင်း လိုက် မလုပ်နိုင်ဘူး ဆိုတာတွေနဲ့ သူ့လူထုကို ပြောဆို စည်းရုံးခဲ့ပါသေးတယ်။ အခု ဖိလစ်ပိုင် သမ္မတ ဒူတာတေးကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခပ်ထန် ထန် ပြောဆိုတာတွေ မကြာခဏ တွေ့ရ ပါလိမ့်မယ်။ ဒီအတွက်နဲ့ သူတို့က နိုင်ငံ တော်တည်ဆောက်သူသဖွယ် ပုံဖော်ကြပါ တယ်။ နောက်တစ်ခုကတော့ သူတို့က အရင်းရှင် ဆန့်ကျင်ရေးလေသံကိုလည်း လွှင့်လေ့ရှိကြပါတယ်။ အနစ်နာခံရတဲ့ လူနည်းစုဘက်က ရပ်တည်ပေးတယ်၊ အရင်းရှင်ကြီးတွေကို ဆန့်ကျင်တဲ့ပုံ ဖော်ကြပါတယ်။ ဒါပေမယ့် နောက်တော့ အဲဒီအရင်းရှင်တွေနဲ့ပဲ သူတို့ပြန်လည် လုပ်ငန်းတွေ ပြန်လုပ်သဘောတူညီမှုတွေ ပြန်ယူကြပြန်တယ်လို့ ဆိုပါတယ်။

နောက်တူညီတဲ့ တစ်ချက်ကတော့ စီးပွားရေးမှာ လူဆင်းရဲတွေအတွက် ပြန် လည်ဖြန့်ဖြူး ခွဲဝေမှု စီးပွားရေးမူဝါဒကို ကြိုက်ကြတာပါပဲ။ လူပြိန်းကြိုက်ဝါဒရဲ့ မက္ကရိုစီးပွားရေး (The Macroecono-mics of Populism) စာအုပ်ရေးတဲ့ ရူဒီဂါ ဒွန်ဘုရှ် (Rudiger Dornbusch)   နဲ့ ဆီဗက်ရှန် အက်ဒ်ဝါ့ဒ် (Sebastian Edwards)   က သုံးသပ်တာကတော့ သူတို့ ဟာ တိုင်းပြည်စီးပွားဖွံ့ဖြိုးရေး တန့်သွား လည်း သိပ်ဂရုမစိုက်ကြဘူး။ လူဆင်းရဲ တွေအတွက် ဝင်ငွေခွဲဝေ ဖြန့်ဖြူးရေးတွေ လုပ်မယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွ လာမယ်၊ ဘတ်ဂျက် လိုငွေပြမယ်၊ အခြား အန္တရာယ်တွေ ရှိတယ်ဆိုရင်လည်း သိပ် ဂရုမစိုက်ကြဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ လူပြိန်းကြိုက် စီးပွားရေး (Populist economics) လို့ သုံးနှုန်းကြပါတယ်။ တစ်ခါတလေကျတော့လည်း သူတို့ကို လက်ဝဲစီးပွားရေး ဝါဒီတွေသဖွယ် သုံးနှုန်း ကြတာလည်း ရှိပါတယ်။

ခွဲသူ- စုစည်းသူ မဟုတ်
လူပြိန်းကြိုက်ဝါဒီ(Populist)  တွေက သွေးခွဲသူတွေပါတဲ့။ စည်းရုံရေး အတွက် လုပ်ဆောင်သူတွေ မဟုတ်ကြ ပါဘူး။ ပါမောက္ခ မတ်ဒီ (Mudde) က ပြောတာပါ။ သူတို့က လူမှုအဖွဲ့အစည်းကို ၂-ခု ခွဲပစ်ပါတယ်။ သူတို့နဲ့ တူညီတဲ့ အုပ် (homogenous)  နဲ့ ဆန့်ကျင်သူအုပ်(antagonistic groups)တွေဆိုပြီး ခွဲခြားပါတယ်။ တစ်ဖက်မှာ တကယ့် စစ်မှန် သန့်စင်သော ပြည်သူများ၊ အခြား တစ်ဖက်မှာတော့ ခြစားပျက်စီးနေတဲ့ ရေပေါ် ဆီလူတန်းစား … စသဖြင့် ခွဲတာ မျိုးပါ။

ဒါပေမယ့် ဒီလိုနိုင်ငံရေးသမား ခေါင်းဆောင်တွေက ရွေးကောက်ပွဲ နည်းလမ်းသုံးပြီး၊ သူတို့အာဏာရယူနိုင်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒီလို ရွေးကောက်ပွဲတွေ ဖြစ်လာရင်၊ “ပြည်သူ လူထု အလိုဆန္ဒက သူတို့ရဲ့လမ်းညွှန်”ဆိုတာမျိုးလည်း ပြောတတ်ပါတယ်။ သူတို့ကသာ ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုသူလိုမျိုး ဖော်ကျူးကြပါ တယ်။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲတွေ ပုံမှန် ကျင်းပကြပြီး၊ အနိုင်ရတဲ့ ပါတီ၊ ရွေးကောက်ပွဲအနိုင်ရသူ အများစုသော နိုင်ငံရေးသမားတွေက အစိုးရလုပ် အုပ် ချုပ်ရပါတယ်။ ပြောရရင် မတူကွဲပြားမှု အခြေခံ ဗဟုဝါဒအပေါ် အခြေပြုထားတာ ဖြစ်ပြီး၊ မတူကွဲပြားသော အုပ်စုများ၊ မတူကွဲပြားသော အကျိုးစီးပွားများ၊ မတူကွဲပြားသော တန်ဖိုးထားမှုများအပေါ် စီမံအုပ်ချုပ်နိုင်ဖို့၊ တရားဝင်မှု ရယူတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူပြိန်းကြိုက် ဝါဒီ (Populist)   တွေက ဗဟုဝါဒီ (မတူကွဲပြားမှုများ ရှိနေတာ ကိုလက်ခံတဲ့သူ)တွေလည်း မဟုတ်ကြ ပါဘူးတဲ့။

သူတို့က လူတစ်အုပ်တည်းပဲ ရှိတယ်လို့ မြင်ပါတယ်။ (ပြည်သူ) ဆိုတဲ့ တစ်အုပ်တည်းပဲ တရားဝင်တယ်၊ legitimate   ဖြစ်တယ်လို့ ပြောဆိုနေကြ သူတွေပါ။ သူတို့ကသာ “ပြည်သူလူထု ကြီး”ကို ကိုယ်စားပြုတယ်လို့ ဆိုကြ ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့က ဒီမိုကရေစီဆန်ဆန် သိပ်မကျင့် သုံးကြဘူးလို့လည်း ဆိုကြပါတယ်။ ဒီလိုခေါင်းဆောင်တွေက ခေါင်းဆောင်၊ နိုင်ငံရေးပါတီ၊ အစိုးရ၊ နိုင်ငံတော် အကြားမှာ ခွဲခြားထားမှု စည်းတွေကို ဝေဝေဝါးဝါး လုပ်ပစ်တတ်ပါတယ်။ ဒီ ၄-ခုကို တစ်ခုတည်းလိုလို ရောထွေး ပစ်တတ်ပါတယ်။ အချို့သော လူပြိန်း ကြိုက် ခေါင်းဆောင်တွေကတော့ စစ်တပ် အရာရှိဟောင်းတွေ ဖြစ်ပါတယ်။ ဥပမာ အားဖြင့်- မစ္စတာ ချားဗက်စ်နဲ့ မစ္စတာ ဟူမာလာတို့လိုမျိုးသူတွေပါ။ တစ်ဖက် မှာ သူတို့က ခိုင်မာသန်စွမ်းတဲ့ ခေါင်း ဆောင်(strong man)  အသွင်မျိုးနဲ့ ဆွဲဆောင်ဖမ်းစားတတ်ပြီး၊ တစ်ဖက် မှာလည်း သူတို့က ပြည်သူလူထုရဲ့ တရားမျှတမှုအတွက် ရပ်တည်ပေးတယ်။ ခေါင်းပုံ ဖြတ်သူများရဲ့ရန်ကနေ မားမား မတ်မတ် ရပ်တည်ပေးတဲ့သဖွယ် ပြုမူတတ် ကြပါတယ်။

အကယ်၍ သူတို့အစိုးရကို ဆန့် ကျင် ဆန္ဒပြတဲ့သူတွေ ရှိလာတယ်ဆိုရင် လည်း ငွေပေးထားလို့ လုပ်စားနေကြသူ တွေ (paid professional)  တွေလို့ စွပ်စွဲ ပြောဆိုတတ်ကြပါတယ်။ အကြောင်း ကတော့ သူတို့ကပဲ ပြည်သူလူထု၊ သူတို့ က ပြည်သူလူထုကို ကိုယ်စားပြုနေတာ၊ သူတို့ကို ဆန့်ကျင်ကြသူတွေက “ပြည်သူ လူထုကြီးကို ဆန့်ကျင်နေကြတာ”လို့ မြင်ကြပါတယ်။ တလောက ဆရာမြင့် သန်းစာအုပ်ဖတ်တော့”ဒီမိုကရေစီဆို တာက ‘နိုင်ရင်တရားတယ်’ဆိုတဲ့ ခေတ် ဖြစ်သွားတယ်” ဆိုတဲ့ စာပိုဒ်လေး ဖတ် ရတော့ အတွေးပွားရပါသေးတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာတော့ မကြာ ခဏဆိုသလို အစိုးရရဲ့ စွမ်းဆောင်မှု အပေါ်မှာ၊ မူဝါဒတွေအပေါ်မှာ လူထု သဘောထား စစ်တမ်းကောက်ယူတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို လူထုသဘောထား စစ်တမ်းတွေက မယုံ ကြည်ရဘူးလို့ သူတို့က ဆိုတတ်ပါ တယ်။ ဒီလိုဖြစ်ရတာဟာ လူထုတွေက သတင်းတု(fake news)တွေအပေါ် ယုံကြည်ကြလို့ ယုံထင်ကြောင်ထင် ဖြစ်လာတာလို့ မြင်ကြပါတယ်။ သတင်း မီဒီယာတွေ ဆိုတာတော့ နိုင်ငံတော် ရန်သူတွေ(enemy of the state) လို့ ထင်မြင်ကြပါသတဲ့။

ဆက်လက်ဖော်ပြပါမည်။