ကော့သောင်းနယ်စပ်တွင် ထိုင်းသွားမည့် ခရီးသည်များ၏ ခရီးဆောင်အိတ် စတင်စစ်ဆေး

0
435

ကော့သောင်းနယ်စပ် မြို့မတံတားဂိတ်တွင် ထိုင်းနိုင်ငံသွားမည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များကို X-ray
စက်ဖြင့် ဇူလိုင် ၂၈ရက်တွင် စတင်စစ်ဆေးလျက် ရှိသည်။

ထိုင်းနိုင်ငံသို့ သွားမည့် ခရီးသည်များသည် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လုပ်သည့်အခါ X-ray စက်တွင် ခရီးဆောင်အိတ်များကို အစစ်ဆေးခံရမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ဒုရဲမှူး ဦးမျိုးထွန်းဦးက ဆို
သည်။

X-ray စက်တွင် ခရီးဆောင်အိတ်များ အစစ်ဆေးခံပြီးမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွင် တံဆိပ်တုံးထုပေးကြောင်း မြို့မတံတား စစ်ဆေးရေးဂိတ်ထံမှ သိရသည်။
အဆိုပါ X-ray စက်ထားမည့်အဆောက်အအုံကို နယ်စပ်ဖြတ်သန်းခ ဝင်ငွေမှ ခွဲဝေရရှိသည့် မြို့ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့်၂၀၁၇ခုနှစ်ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။