တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေကြောင့် ခွင့်နှစ်လယူ

0
407

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌသည် ကျန်းမာရေးအခြေ အနေကြောင့် ဇူလိုင်လ ၁၈ ရက်မှ စကာ ခွင့်နှစ်လ ယူထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြော သည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေးသည် ကျောက်ကပ်ရောဂါအတွက် ဆေးကုသမှုခံယူရန် ဇူလိုင်လ ၁၈ ရက်မှ စက်တင်ဘာလ ၁၇ ရက်အထိ ခွင့်ယူ ထားသည်။

“ကျောက်ကပ်ကုပြီး ပြန်အနားယူ မှာနဲ့ဆို သုံးလလောက်ကြာသွားနိုင် တယ်”ဟု ဦးမြင့်ဝေက ပြောသည်။
တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးကို ဩဂုတ်လကုန်(သို့) စက်တင် ဘာလဆန်းတွင် ခေါ်ယူဖွယ်ရှိပြီး အစည်း အဝေးကို တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးက တာဝန်ယူ ကျင်းပမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ် တော် န၀မပုံမှန်အစည်းအဝေးကို ဇွန်လ လလယ်ပိုင်းက ကျင်းပခဲ့သည်။