ထားဝယ်မြစ်သောင်တူးရန် တိုင်းအစိုးရ လက်မခံ

0
469

ထားဝယ်မြစ်အတွင်းရှိ သဲသောင် များ တူးဖော်မည့်ကိစ္စကို တနင်္သာရီတိုင်း အစိုးရက သဘောမတူကြောင်း ထား ဝယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးအောင်စိန်က ပြောသည်။
ထားဝယ်မြစ်အတွင်း ထားဝယ် မြစ်ဝမှ ထားဝယ်ဆိပ်ကမ်းအထိ သဲနုန်း သောင် တူးဖော်ပြီး ရေလမ်းကြောင်းကို အဆင့်မြှင့်ရန် ပြည်သူ့လွှတ်တော်တွင် မေးမြန်းသည့်အပေါ် ပြည်ထောင်စုပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် စာဖြင့် ဖြေကြားခဲ့ကြောင်း ဦးအောင်စိန် က ဆိုသည်။

ပြည်ထောင်စုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံသို့ တိုင်း အစိုးရမှ ပေးပို့သည့် သဘောထား မှတ် ချက်တွင် သောင်တူးလိုသည့် ကုမ္ပဏီ များမှ လုပ်ငန်းအဆိုပြုချက် တင်ပြရန် လိုခြင်း၊ မြို့ဧရိယာနှင့် နီးကပ်စွာ တည် ရှိခြင်း၊EIA/ SIA ခွင့်ပြုချက်များ ဆောင်ရွက်ရန် လိုအပ်ခြင်းနှင့် ကမ်းပါး ထိန်းနံရံ တည်ဆောက်မှုမရှိဘဲ သောင်း တူးခြင်းမှာ မဖြစ်နိုင်ကြောင်း ပါရှိသည်။

မြစ်တူးဖော်ခြင်းလုပ်ငန်းက ထား ဝယ်မြို့အတွင်း လုပ်ဆောင်ခြင်းမဟုတ် ဘဲ မြို့အပြင်ဘက်တွင် လုပ်ဆောင်ခြင်း ဖြစ်ကာ တိုင်းအစိုးရ အကြောင်းပြထား သည့် အသေးစိတ် အချက်အလက်များကို တောင်းခံသွားရန် စဉ်းစားထားကြောင်း မေးခွန်း မေးမြန်းခဲ့သည့် ထားဝယ်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်း အစိုးရအဖွဲ့မှ ပို့/ဆက်ကဏ္ဍကို တာဝန် ယူထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ထံသို့ သွားရောက်မေးမြန်းခဲ့ရာ တစ်စုံ တစ်ရာ ဖြေကြားခြင်းမပြုဘဲ တနင်္သာရီ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သို့ သွားရောက်မေးမြန်းရန် ပြောဆိုခဲ့ သည်။

ယင်းကြောင့် တနင်္သာရီတိုင်းဒေသ ကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသ ကြီး ဦးစီးမှူးအား သွားရောက်မေးမြန်းရာ သောင်တူးချိန်တွင် ပြိုကျနိုင်သည့် နေ ရာများတွင် ကမ်းပါးနံရံလုပ်ဆောင်ခြင်း နှင့် သောင်တူးသည့်လုပ်ငန်းကို တွဲပြီး လုပ်ကိုင်ပါက အဆင်ပြေနိုင်သည်ဟု ဆိုသည်။
“ပြိုနိုင်တဲ့နေရာတွေမှာ သောင်တူး တာနဲ့ ကမ်းပါးလုပ်တာ တွဲပြီးလုပ်လို့ ရတယ်”ဟု တိုင်းဦးစီးမှူး ဦးစန်းရွှေက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြစ်အတွင်း ရှင်မုတ္ထီးရွာအနီးမှ ထားဝယ်ဆိပ်ကမ်း အထိ ရှိနေသည့် သဲသောင်များကြောင့် ကုန်တင် သင်္ဘောများ ဝင်ထွက်သွားလာ ရာတွင် အခက်အခဲရှိနေကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံး(ထားဝယ်)မှ ဆိပ်ကမ်းအရာရှိက ဆိုသည်။
“ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ ကျောက်ဖြူစတဲ့ ဆိပ်ကမ်းတွေအားလုံး ထဲမှာ ထားဝယ်က ဝင်ရအခက်ဆုံးပဲ”ဟု သင်္ဘောပဲ့နင်း လုပ်သက် ၂၅ နှစ် ရှိပြီဖြစ်သည့် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထားဝယ်ဆိပ်ကမ်းသို့ ကုန်တင် သင်္ဘောများ ဝင်ရောက်ရာတွင် မြစ် အတွင်းရှိ သဲသောင်များကြောင့် ဒေသခံ ပဲ့နင်းများကို ငှားရမ်းနေရပြီး ရေအနက် တိုင်းတာသူများကိုလည်း ငှားရမ်း အသုံးပြု နေရသည်။

“ရှင်မုတ္ထီးချောင်းဝနားကနေ ဆိပ် ကမ်းအထိ ခုနစ်နေရာလောက်ကို တစ် ရက်ကြိုပြီး တိုင်းပေးထားရတယ်၊ တိုင်း ပြီး နောက်နေ့မှ သင်္ဘောက ဝင်တာ”ဟု ရေအနက်တိုင်းတာပေးလေ့ရှိသူတစ် ဦးဖြစ်သည့် ကိုမျိုးမင်းထိုက်က ဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ထားဝယ်ဆိပ်ကမ်းမှ ညောင်ဇင်ရွာ အနီးထိ ရေကြောင်းတိုင်းတာရေး လုပ် ဆောင်ရန် ဘဏ္ဍာငွေရရှိထားကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနထံမှ သိရသည်။
ထားဝယ်မြစ်အတွင်းရှိ သဲသောင် များကို ၂၀၁၄ ခုနှစ်က ကျော်ကျော် ဖြိုးကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်တို့ အကျိုးတူပူးပေါင်းကာ တူးဖော် ခဲ့သည်။
တူးဖော်ရာမှ ထွက်လာသည့်သဲကို တစ်ကုဗမီတာလျှင် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဒေါ်လာဖြင့် ပြည်ပသို့ တင်ပို့ခဲ့သည်။

အဆိုပါ ကာလမှ ယခုအချိန်အထိ ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာနမှ ကုမဏီ၏ ပို့ ကုန်လိုင်စင်သက်တမ်းတိုးရန်နှင့် စာချုပ် သက်တမ်းတိုးရန် တိုင်းအစိုးရ၏ သဘော ထားမှတ်ချက်ကို ၂ ကြိမ် တောင်းခံခဲ့သည်။
ဦးအောင်စိန်ကလည်း လွှတ်တော် တွင် မေးခွန်း ၂ ကြိမ် မေးမြန်းခဲ့သည်။
ပထမအကြိမ် မေးမြန်းစဉ်က သောင်တူးပေးမည်ဟု ဖြေဆိုခဲ့သော် လည်း ၂ နှစ်ပြည့်ခါနီးသည်အထိ တူးဖော် ခြင်းမရှိသည့်အတွက် ထပ်မေးခဲ့ရသည်။