ရေဖြူတွင် ငါးတန်းကျောင်းသူတစ်ဦးကို သင်္ကန်းဝတ်တစ်ဦးက မုဒိမ်းကျင့် သတ်ဖြတ်

0
517

ရေဖြူမြို့နယ် ကင်းတောင်ကျေးရွာတွင် အသက် ၁၃ နှစ်အရွယ်ရှိ ငါးတန်းကျောင်းသူတစ်ဦးကို သင်္ကန်းဝတ်တစ်
ဦးက မုဒိမ်းကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်းကံပေါက်နယ်မြေစခန်းထံမှ သိရသည်။
ဇူလိုင်လ ၂၅ ရက်က နေ့လယ်၁၂ နာရီခွဲခန့်က ကင်းတောင်ရွာ ဘုန်း
ကြီးကျောင်းဝင်းအတွင်းရှိ ရေတွင်းတွင်ရေသွားခပ်သည့် ကျောင်းသူသည် လည်ပင်းတွင် ညိုမည်းဒဏ်ရာနှင့် မိန်းမ
ကိုယ်တွင် သွေးများထွက်ကာ ဘုန်းကြီးကျောင်း တောင်ဘက်ရှိ တောင်စောင်း
တွင် သေဆုံးနေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

၎င်းနေထိုင်သည့်အိမ်နှင့် ဘုန်းကြီးကျောင်းရှိ ရေတွင်းမှာ ပေ ၅၀ဝ ခန့်
ကွာဝေးကြောင်း ရဲမှတ်တမ်းအရ သိရသည်။
သေဆုံးမှုနှင့်ပတ်သက်၍ ဇူလိုင်လ၂၆ ရက်က သက်သေများ စစ်ဆေးကာစုံစမ်းနေချိန်တွင် အဆိုပါဘုန်းကြီး
ကျောင်းတွင် နေထိုင်သည့် အသက် ၆၁နှစ်အရွယ်ရှိ ကိုယ်တော်တစ်ပါးဘက်ထရီအိုးအတွင်းမှ အက်စစ်သောက်
ကာ မိမိကိုယ်ကိုသတ်သေရန် ကြိုးပမ်းကြောင်း သတင်းရခဲ့သည်ဟု ကံပေါက်နယ်မြေစခန်းမှူး ရဲအုပ်ဝင်းမြင့်စံက
ဆိုသည်။အဆိုပါ ကိုယ်တော်က အက်စစ်မသောက်မီ ကျောင်းထိုင်ဆရာတော်ထံလာရောက်ကာ ၄င်းကျူးလွန်ခဲ့သည်ဟု
ဝန်ခံပြောဆိုခဲ့ကြောင်း ရဲအုပ်ဝင်းမြင့်စံက ပြောသည်။

ယင်းသို့ ဝန်ခံပြောဆိုခဲ့သည်ကိုကျောင်းထိုင်ဆရာတော်ကြီးက မိန့်
ကြောင်း ၄င်းက ဆိုသည်။”ငယ်ဖြူတော့ မဟုတ်ပါဘူး၊ အခုမှ သုံးဝါပဲရပါသေးတယ်”ဟု ၄င်းက
ဆိုသည်။

လက်ရှိတွင် ကိုယ့်ကိုကိုယ် သတ်သေရန် ကြိုးပမ်းသည့် အသက် ၆၁ နှစ်
အရွယ်ရှိ အမျိုးသား(ကိုယ်တော်)ကိုကံပေါက်ဆေးရုံတွင် တင်ပို့ကုသထားပြီး
စိုးရိမ်ရသည့် အနေအထားမရှိတော့ကြောင်း ရဲအုပ်ဝင်းမြင့်စံက ပြောသည်။သေဆုံးခဲ့သည့် အသက် ၁၃ နှစ်
အရွယ် ငါးတန်းကျောင်းသူဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံပါ ပျောက်ဆုံးနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ
ထားသည်။ငါးတန်းကျောင်းသူကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂(လူသတ်မှု)၊ ၃၉၂
(လုယက်မှု)၊ ၃၇၆(မုဒိမ်းမှု) တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ကံပေါက်
နယ်မြေရဲစခန်းထံမှ သိရသည်။