ထားဝယ်ဆိပ်ကမ်းသို့ ကုန်စည်ဝင်ရောက်မှု တန်ချိန်နှစ်သောင်းကျော်တိုးလာ

0
402

ယခုနှစ်လေးလတာကာလအတွင်း ထားဝယ်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် ကုန်  ပစ္စည်းဝင်ရောက်မှုမှာ ယခင်နှစ် လေးလထက် တန်ချိန်နှစ်သောင်းကျော်ပိုများလာကြောင်း ထားဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ယမန်နှစ် ဧပြီလမှ ဇူလိုင်လအထိ
ကုန်တင်သင်္ဘော ၉၁ စီးဖြင့် ကုန်တန်ချိန်လေးသောင်းခွဲခန့်သာ ဝင်ရောက်ခဲ့သည်။

ယခုနှစ် ကာလတူလေးလတွင်ကုန်သင်္ဘော ၁၂၇ စီးဖြင့် ကုန်တန်ချိန်ခြောက်သောင်းခွဲကျော် ဝင်ရောက်ခဲ့ကြောင်း အထက်ပါဌာန မှတ်တမ်းအရသိရသည်။
အထက်ပါ စာရင်းများအရ ယခုနှစ် ၄ လတွင် ကုန်တန်ချိန် ၂၀၂၃၂တန်ပိုမိုတင်သွင်းခဲ့ခြင်းဖြစ်သည်။မြိတ်မြို့နှင့် ကော့သောင်းမြို့တို့မှ
ဘိလပ်မြေနှင့် စက်သုံးဆီများ အဓိကဝင်ရောက်နေပြီး ရန်ကုန်မြို့မှ စားသောက်ကုန်ကဲ့သို့ ကုန်စည်များ ဝင်ရောက်ကြောင်း မြို့နယ်အကောက်ခွန်ရုံးမှတ်တမ်းအရ သိရသည်။

လက်ရှိအချိန်တွင်မူ မိုးရွာသွန်းမှုများခြင်းကြောင့် ကုန်သင်္ဘောဝင်ထွက်မှု
အရေအတွက်နည်းနေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး (ထားဝယ်)မှဆိပ်ကမ်းအရာရှိ ဦးဝင်းဖေက ဆိုသည်။
“မိုးရွာများတော့ ကုန်မချနိုင်လိုသင်္ဘောဝင်ထွက် နည်းနေတယ်”ဟုဦးဝင်းဖေက ပြောသည်။

တန်ချိန် ၂၀ဝ မှ ၁၀ဝ၀ ကြားရှိကုန်တင်သင်္ဘောများ ဝင်ရောက်မှုရှိပြီး
ထားဝယ်မှအထွက်တွင် သင်္ဘောအများစုက ကုန်ပစ္စည်းမရရှိဘဲ အခွံသက်သက်ဖြင့် ပြန်ထွက်ကြရကြောင်း မြန်မာ့
ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရသည်။