ရေဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှ ဘတ်ငွေ ငါးသိန်းခွဲတန်ဖိုးရှိ စားသောက်ကုန်များ လာလှူ

0
438

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်နှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန် ခရိုင်ဝန် ဦးဆောင်သည့် အဖွဲ့က ဇူလိုင်လ ၂၇ ရက်က တနင်္သာရီမြို့နယ်မှ ရေဘေးသင့် ပြည်သူများအတွက် ထိုင်းဘတ်ငွေ ငါး သိန်းခွဲတန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ် ၆ စီးခန့်ဖြင့် ဘတ်ငွေ ငါးသိန်းခွဲ(မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော် တန်ဖိုးရှိ) ဆန်၊ ဆီ၊ ငါးသေတ္တာ၊ အသင့်စားနိုင်သည့် ခေါက်ဆွဲခြောက် များ၊ ရေသန့်ဗူးများ၊ အိမ်သုံးဆေးဝါး များနှင့် အခြား လူအသုံးအဆောင်တို့ အား လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များမှ ငွေနှင့် စားသောက်ကုန်၊ အသုံးအဆောင်တို့အား လာရောက် လှူဒါန်းလျက်ရှိကြောင်း တနင်္သာရီမြို့ နယ် သဘာဝဘေးအတွက် အလှူငွေ လက်ခံရေးနှင့် အလှူခံရရှိသည့်ပစ္စည်း များ ခွဲဝေသုံးစွဲရေးနှင့် ပြန်ကြားရေးကော် မတီထံမှ သိရသည်။

တနင်္သာရီမြစ်ရေတက်ပြီး ရေကြီး ရေလျှံခဲ့သည့်အတွက် ဇူလိုင် ၁၅ ရက် မှ ၂၃ ရက်အထိ လူဦးရေ ၆၀၀၀ ဦး နီးပါးတို့အား အရေးပေါ်ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခဲ့ရပြီး လက်ရှိ တွင် တချို့နေရာများတွင်နေရပ်ပြန်နေကြပြီဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။