တနင်္သာရီရေပြင်တွင် အသစ်တူးမည့် ရေနံတွင်းများကြောင့် ဒေသခံ ငါးဖမ်းလုပ်ငန်းများ အခက်တွေ့နိုင်ဟုဆို

0
459

တနင်္သာရီတိုင်းရေပြင်တွင် အသစ် တူးဖော်မည့် ရေနံတွင်းများကြောင့် ဒေသခံငါးဖမ်းလုပ်ငန်းများ အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ရေလုပ်သားတစ်ချို့က ဆိုသည်။
ရေနံတွင်းနှစ်တွင်းတူးဖော်မည့် ဧရိယာတွင် ငါးအထိအမိများပြီး ယင်း နေရာတွင် ငါးဖမ်းခွင့်မရပါက ဒေသခံ ငါးဖမ်းလုပ်ငန်းများ အခက်ခဲကြုံတွေ့နိုင် ကြောင်း လောင်းလုံးမြို့နယ် သဘော့ ဆိပ်ရွာနေ ငါးဖမ်းလှေနှစ်စီးပိုင်ဆိုင်သူ ဦးတင်စိုးက ဆိုသည်။

“လုပ်မှရမယ်ဆိုရင်လည်း ဒေသခံ တွေနဲ့ညှိနှိုင်းပြီး လုပ်ချင်တဲ့နေရာမှာ မလုပ်ဘဲနဲ့ လုပ်သင့်တဲ့နေရာမှာ လုပ် ပေါ့၊ ထားဝယ်ခရိုင်မှာ ရှိတဲ့လူတွေ အတွက် ဒီနေရာက ထမင်းအိုးကြီးဖြစ် နေတယ်”ဟု ဦးတင်စိုးက ပြောသည်။
မလေးရှားနိုင်ငံပိုင် PETRONAS  ကုမ္ပဏီ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲ တစ်ခု ဖြစ်သည့် PC Myanmar ကုမ္ပဏီက လောင်းလုံးမြို့မှ ရေမိုင် ၉၀ ခန့်၊ မြိတ်မြို့မှ ရေမိုင် ၁၀၅ မိုင်ခန့်အကွာတွင် ရေနံတွင်း ရှာဖွေတူးဖော်ရန် ၄ နေရာ သတ်မှတ်ထားပြီး ၂ နေရာကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် တူးဖော်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

မြိတ်ခရိုင်အတွင်း ငါးဖမ်းလုပ် ကွက် ၅၂ ကွက်ရှိရာ လုပ်ကွက် ၂၀ ကို ငါးမဖမ်းရအကွက်အဖြစ် အစိုးရမှ သတ် မှတ်ထားရှိသည့်အပြင် ကျန်သည့် အကွက်များ၌ ငါးဖမ်းလျက်ရှိရာ ငါးဖမ်း လှေ အစီးရေများနေသည်ဟု ပညာရှင် များ၏ သဘောထားမှတ်ချက်များပေးထားကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောသည်။
ယင်းအခြေအနေတွင် ရေနံတူးဖော် ရေးလုပ်ကွက်များ ထပ်မံဝင်ရောက်လာ သည့်အတွက် ငါးဖမ်းမည့်နေရာ ကျဉ်း လာပြီး ဒေသအတွင်းငါးဖမ်းလုပ်ငန်း ထိခိုက်နေသည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြော သည်။

“သူတို့(အစိုးရ)ရဲ့ ကန့်သတ်နယ် မြေထဲကို ငါးဖမ်းလှေတွေဝင်ရောက် သွားရင် ကျွန်တော်တို့က အရေးယူခံရ မှာတွေ ရှိတယ်၊ ဒါဆိုရင် ကျွန်တော် တို့မှာ သွားစရာနေရာ တော်တော်လေးကို ကျဉ်းလာပါတယ်”ဟု ဦးစန်းမောင်က ပြောသည်။
ရေနံတွင်းများသည် ငါးဖမ်းလုပ် ကွက်များအတွင်း ကျရောက်နေသော် လည်း ရေနံတွင်းများ၏ တားမြစ်နယ် မြေမှာ ငါးဖမ်းကွက်တစ်ကွက် အကျယ် ၏ ၀ ဒဿမ ၁၇ ရာခိုင်နှုန်းသာ တားမြစ်နယ်မြေအတွင်း ကျရောက်မည် ဖြစ်ကြောင်း PC Myanmar ကုမ္ပဏီ ထံမှ သိရသည်။