မောတောင်မြို့ လမ်းခင်းရာတွင် အရည်အသွေးမမီသည့် ကျောက်များတွေ့

0
403

မောတောင်မြို့တွင် ခင်းနေသည့် ကွန်ကရစ်လမ်းများတွင် အရည်အသွေး မမီသည့်ကျောက်များ စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း မောတောင်မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်က တနင်္သာ ရီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးကျော်မျိုးအောင်က ပြောသည်။
အရည်သွေးမပြည့်သည့် သင်ပုန်း ကျောက်အကာ အမျိုးအစားတို့အား တွေ့ရှိခဲ့သဖြင့် နှမ်းဖတ်ကျောက် အဖြူ (လမ်းခင်းရာတွင် သုံးလေ့ရှိသည့် ကျောက်) အမျိုးအစားနှင့် ပြန်လည် အစားထိုးရန် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းတာဝန်ခံ ဦးဇော်မိုးဦး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)က ညွှန်ကြားထားခဲ့ကြောင်း ဦးကျော်မျိုး အောင်က ဆိုသည်။

မြို့မရပ်ကွက်တွင် ကျောက်ကျင်း ရေ ၂၀ ကျင်း နှင့် အမှတ် ၁ ရပ်ကွက် တွင် ၃၆ ကျင်း စုစုပေါင်း ၅၆ ကျင်းအား ပြန်လည်အစားထိုးထား ကြောင်း တနင်္သာရီမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဇူလိုင်လ ၂၀ ရက်တွင် ပြောသည်။

မြိတ်-တနင်္သာရီ-မောတောင် လမ်းမှ မောတောင်မြို့အဝင်လမ်း တစ်မိုင်ခွဲကျော်အား ကွန်ကရစ်လမ်း များ ခင်းကျင်းခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ တာ ရန်ပုံငွေ ကျပ်သန်းပေါင်း ၆၅၀ ကျော်ဖြင့် ဆောင်ရွက်နေကြောင်း တနင်္သာရီမြို့နယ် ကျေးလက်လမ်းဖွံ့ ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အကျယ် ၁၈ ပေ အောက်ခံ ထုထည်နှင့်အမြင့် ၁၃ လက်မရှိ ကွန်ကရစ်လမ်းများအား ဇူလိုင်လ ၁ ရက်မှ စတင်ခင်းကျင်းနေပြီး စက် တင်ဘာလအကုန်တွင် ပြီးစီးမည်ဖြစ် ကြောင်း အထက်ပါဌာနထံမှ သိရ သည်။