ကော့သောင်းကားဝင်း အဝင်လမ်းနှင့် အတွင်းလမ်းများ ပြုပြင်မည်

0
500

ပျက်စီးနေသည့် ၃ မိုင်အဝေးပြေး ကားဝင်း အဝင်လမ်းနှင့် ကားဝင်းအတွင်း လမ်းများအား ပြုပြင်ရန် စတင်အကောင် ထည်ဖော်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။
အဝင်လမ်းကို စည်ပင်ဘတ်ဂျက် ဖြင့် ပြုပြင်ပေးမည်ဖြစ်ပြီး ကားဝင်းအ တွင်းပိုင်းလမ်းကိုမူ လုပ်ငန်းလုပ်ပိုင်ခွင့် ရရှိထားသူက ပြုပြင်ပေးသွားမည်ဟု ကော့သောင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ဆိုသည်။

ကားဝင်းအဝင်လမ်း အကျယ် ၁၆ ပေ၊ အရှည် ပေ ၂၀၀ ကျော် အမြင့် ၈ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် ဩဂုတ် လတွင် စခင်းမည်ဖြစ်ပြီး ကုန်ကျငွေ ကျပ်သိန်း ၁၀၀ ကျော်ခန့် ရှိမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ကားဝင်းအား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ၂၀၀၈ ခုနှစ်က စတင် အကောင်ထည်ဖော်ခဲ့ပြီး ၂၀၁၂ ခုနှစ်၌ စည်ပင်သာယာအဖွဲ့နှင့် သဘောတူစာ ချုပ် ပြန်လည် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း လုပ်ပိုင်ခွင့်ရသူထံမှ သိရသည်။

၃မိုင် အဝေးပြေးကားဝင်းတွင် ကားကြီးတစ်စီး ကျပ် ၃၀၀၀၊ ဘေးတွဲ ဆိုင်ကယ် ကျပ် ၅၀၀၊ ဆိုင်ကယ် ကျပ် ၂၀၀ ဝင်ကြေး ကောက်ခံလျက်ရှိပြီး ခရီးသည် ပို့ဆောင်ရေးယာဉ်များမှအပ ၁၀ ဘီးတပ်ကုန်တင်ယာဉ်များ ဝင်ရောက် ရပ်နားခွင့်မရှိကြောင်း ကော့သောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရ သည်။