တနင်္သာရီ-ရန်ကုန်ယာဉ်လိုင်းများ ရက်အကန့်အသတ်မရှိ ရပ်နား

0
390

ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ များမှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ဇူလိုင်လ ၂၇ ရက်မှ စ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားကြ သည်။
မွန်ပြည်နယ် ဘီးလင်းနှင့် သထုံ မြို့နယ်အကြား လမ်းရေကျော်နေခြင်း ကြောင့် ရပ်နားထားခြင်းဖြစ်ပြီး ရေပြန် ကျသည့်အချိန်တွင် ပြန်ထွက်မည်ဖြစ် ကြောင်း ထားဝယ်၊ မြိတ်၊ ကော့သောင်း အခြေစိုက် ယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။

“ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး၊ ရက်ကန့် သတ်မရှိ ပိတ်ထားရတာပေါ့ ကားလိုင်း က”ဟု အန်တီဝင်း ယာဉ်လိုင်း ဂိတ်မှူး ဦးအောင်နိုင်က ဆိုသည်။
ရပ်နားထားသည့်ရက်များအတွင်း ကားလက်မ Sတ် ကြိုတင်ဝယ်ယူထားသူ များကို လက်မှတ်ဖိုးငွေများ ပြန်အမ်း ပေး ခြင်း၊ ခရီးစဉ် ရွှေ့ပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။

ဘီးလင်းနှင့် သထုံမြို့နယ်အကြား ရေကျော်နေခြင်းကြောင့် အဝေးပြေးကား လမ်းကို ရက်အကန့်အသတ်မရှိပိတ်ထား မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်သို့မပြေးဆွဲနိုင်သော်လည်း အချို့ယာဉ်လိုင်းများမှာ မော်လမြိုင်အထိ ပြေးဆွဲလျက်ရှိပြီး အချို့ယာဉ်လိုင်းများ မှာမူ တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည်။