ဒုတိယမြောက် အမှိုက်သတင်းပေးသူကို ဆုကြေး ကျပ်တစ်သိန်းပေး

0
414

စည်းကမ်းမဲ့အမှိုက်ပစ်မှုအတွက် ဒုတိယမြောက် သတင်းပေးသူအား ဆု ကြေးကျပ်တစ်သိန်း ဇူလိုင်လ ၁၄ ရက် က ပေးအပ်ခဲ့ကြောင်း သိရသည်။

မြိတ်တောင်နယ်မြေ တံတားဦးရပ် ကွက်နေသူတစ်ဦးက ညအချိန်တွင် တံ တားပေါ်မှ ချောင်းထဲသို့ ဘေးတွဲဆိုင် ကယ်ဖြင့် အမှိုက်စွန့်ပစ်နေသည်ကို တာဝန် သိသူတစ်ဦးက သတင်းပေးခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော် မတီမှ သိရသည်။

ယင်းကြောင့် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်သူအား ဒဏ်ငွေ ကျပ် ၂ သိန်း ဆောင်စေပြီး ကျပ်တစ်သိန်းကို သတင်း ပေးသူအား ချီးမြှင့်ခဲ့ကာ ကျန်တစ်သိန်း ကို နိုင်ငံတော်အခွန်ငွေအဖြစ် ပေးသွင်း စေခဲ့ကြောင်း စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။

ပထမအကြိမ်မှာ ပြီးခဲ့သည့် ဇူလိုင် လ ၉ ရက်က မြိတ်မြို့ နောက်လယ်ရပ် ကွက် ကမ်းနားလမ်း၌ ညပိုင်းအချိန်တွင် ဘေးတွဲဆိုင်ကယ်ဖြင့် စည်းကမ်းမဲ့ အမှိုက်များ လာရောက်စွန့်ပစ်သူအား ဒဏ်ငွေ ပေးဆောင်စေပြီး အထက်ပါ အတိုင်း ဆုကြေးငွေ ချီးမြှင့်ခဲ့သည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိ စေရေးအတွက် စည်းကမ်းမဲ့အမှိုက်ပစ်သူ ကို ဒဏ်ငွေ ၂ သိန်းကျပ်ဖြင့် အရေးယူ မည်ဖြစ်ပြီး သတင်းပေးသူအား ဆုငွေ ၁ သိန်းကျပ် ချီးမြှင့်မည်ဟု မြိတ်မြို့ နယ်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။