ဘီးလင်းနှင့်သထုံကြား အဝေးပြေးကားလမ်းရေကျော်၊ ကားလမ်းပိတ်

0
530

မွန်ပြည်နယ် ဘီးလင်းနှင့်သထုံမြို့ နယ်အကြား ရန်ကုန်-မော်လမြိုင် အဝေး ပြေးကားလမ်းပေါ် ၅ ပေကျော်အထိ ရေ ကျော်နေသည်အတွက် ကားလမ်းပိတ် ထားရသည်ဟု သိရသည်။
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဘီးလင်းမြစ်ရေ သည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန် မြင့်တက်လာကာ အဝေးပြေးကားလမ်း ပေါ် ရေကျော်နေသည့်အတွက် ဇူလိုင်လ ၂၆ ရက် ည ၈ နာရီအချိန်ခန့်မှစပြီး ယာဉ်များသွားလာ ဖြတ်သန်းခွင့် ပိတ် ထားခဲ့ရသည်။

ရေဆက်လက်မြင့်တက်နေသည့် အတွက် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီ ကျော်အထိ ကားလမ်းပိတ်ထားဆဲ ဖြစ် ပြီး ကားအစီးရေ ရာချီနှင့် လူထောင်ချီ ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရ သည်။
“ညကတည်းက ကားတွေ မပေး ဖြတ်တော့တာ အခုလည်း မပေးဖြတ် သေးဘူး”ဟု သထုံခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးစည်သူစိုးက ပြောသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံမြို့နယ် ကမာစိုင်ကျေးရွာအလွန် ရွှေရောင်ပြလမ်းခွဲအနီးမှ ဘီးလင်းမြို့ အဝင် (၃ မိုင်ခန့်)အထိ ကားလမ်းပိုင်း အချို့နေရာတွင် ရေကျော်နေသည့် အတွက် ယာဉ်များသွားလာနိုင်သည့် အခြေအနေ မရှိပေ။

ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၁၂ နာ ရီခွဲ တိုင်းတာချက်အရ ဘီးလင်းမြစ်ရေ သည် ၁၀၉၁ စင်တီမီတာရှိပြီး စိုးရိမ်ရေ မှတ်ထက် ၆၉ စင်တီမီတာ ( ၂ ပေကျော်) ကျော်လွန်နေသည်။
“ေ၇စီးက ပိုကြမ်းလာတယ်၊ ရေ တွေက ပိုဆင်းလာနေတဲ့အတွက် လက်ရှိ အနေအထားကတော့ ဒီလမ်းက ဖြတ် သန်းလို့ရမယ့် အနေအထားတော့ မရှိ သေးဘူးလို့ သုံးသပ်မိတယ်”ဟု ဘိုဘို ဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘို ဝင်းက ပြောသည်။

လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက် ဖြတ်သန်းသွားလာလိုသူများသည် အခကြေး ငွေပေးပြီး လှေဖြင့် ဖြတ်သန်းသွားနေ ကြကာ ကယ်ဆယ်ရေးအဖွဲ့များကလည်း လှေဖြင့် ကူညီပို့ဆောင်ပေးနေသည်။
ရေကျသွားပါက ယာဉ်များ စနစ် တကျထွက်ခွာနိုင်ရေးနှင့် ပိတ်မိနေသည့် ယာဉ်များရှိ ခရီးသည်များအတွက် လို အပ်သော ရေ၊ ထမင်းထုပ်တို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့က စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ဘီးလင်းမြို့နယ်အတွင်း ဇူလိုင်လ ၂၂ ရက်မှစပြီး အဆက်မပြတ် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်း မြစ်ရေ မြင့်တက်လာကာ ရပ်ကွက်၊ ကျေးရွာအချို့ စတင်ရေကြီးခဲ့ပြီး အဆက် မပြတ် မြင့်တက်လာနေသည့်မြစ်ရေ ကြောင့် ဇူလိုင်လ ၂၇ ရက်တွင် ရေကြီး ရေလျှံမှုပိုဆိုးလာပြီး ရပ်ကွက်နှင့် ကျေးရွာ အတော်များများ ရေလွှမ်းသွားသည့် အခြေအနေ ရောက်ရှိနေသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၄၀၀၀ နီးပါးတို့ကို ဘေးလွတ် ရာသို့ အရေးပေါ်ပြောင်းရွှေ့ထားရကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှူး ဦးစီးဌာနထံမှ သိရသည်။