တနင်္သာရီတိုင်းတွင် လယ်ဧက ၆၀၀၀ ကျော်ရေလွှမ်း

0
458

တနင်္သာရီတိုင်းတွင် ဇူလိုင်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် လယ်ဧက ၆၀၀၀ ကျော် ရေလွှမ်းခဲ့ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် လယ်ဧက ၂၀၀၀ နီးပါး၊ မြိတ်ခရိုင်တွင် ဧက ၄၀၀၀ ကျော်နှင့် ကော့သောင်းခရိုင်တွင် ဧက ၁၀၀ ကျော် ရေလွှမ်းခဲ့ခြင်းဖြစ် ကြောင်း ယင်းဌာန၏ ဇူလိုင်လ ၁ ရက်မှ ၁၄ရက်အထိ စာရင်းအရ သိရ သည်။
ရေလွှမ်းဧကများအနက် ကျွန်းစု မြို့နယ်ရှိ လယ်နှစ်ဧကမှာ စိုက်ပျိုး ထားသည့် စပါးပျိုးပင်များ လုံးဝ ပျက်စီး သွားပြီး အချို့လယ်များ ရေပြန်ပေါ်နေ ပြီဖြစ်ကြောင်း အထက်ပါဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစန်းလွင်က ဇူလိုင် ၂၆ ရက်က ပြောသည်။

“တနင်္သာရီမြို့နယ်ကတော့ ရေ ကြီးနေတုန်းပဲဆိုတော့ စောင့်ကြည့် နေတယ်။ ရေလွှမ်းတဲ့စာရင်းတွေ ဒီထက် တိုးလာဖို့လည်း ရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။
ရေလွှမ်းလယ်ဧက စာရင်းကို စိုက် ပျိုးရေးဦးစီးဌာနက ၁၅ ရက် တစ်ကြိမ် ကောက်ခံသည်။
တိုင်းအတွင်း မိုးစပါး ဧက ခုနစ် သောင်းကျော် စိုက်ပျိုးထားသည်။