ကော့သောင်း မူးယစ်ဆေးဖြတ် လူနာများအတွက် စိတ်ရောဂါ အထူးကု ဆရာဝန်လိုအပ်

0
402

ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးဖြတ်လူနာများ လက်ခံကု သပေးနေသော်လည်း စိတ်ရောဂါအထူး ကုဆရာဝန် မရှိသောကြောင့် မူးယစ် ဆေးဖြတ်မည့် လူနာများကို့ အမြစ်ပြတ် သည်အထိ ကုသပေးနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
ဇူလိုင် ၁၄ ရက်က ဟံသာဝတီခန်းမ တွင် ပြုလုပ်သည့် လူငယ်နှင့် မူးယစ် ဆေးပြည်သူ့စကားဝိုင်းတွင် ကော့သောင်း ခရိုင် ပြည်သူ့ဆေးရုံမှ ဒုဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးက ပြောသည်။

မူးယစ်ဆေးဖြတ်လူနာများကို ၂၀၁၆ ခုနှစ် ၁၁ လပိုင်းတွင် လက်ခံ ကုသပေးခဲ့ပြီး ၊ ၂၀၁၈ မတ်လအထိ လာရောက်ကုသသည့် ဆေးဖြတ် လူနာ ၅၀ ကျော် ရှိပြီဖြစ်ကြောင်း ဒေါက်တာ နန်းမြတ်မြတ်မွှေးက ဆိုသည်။
“လာကုသတဲ့ လူနာတွေကို သောက် ဆေး တစ်ပတ်စာလောက်ပေးပြီး ရက်ချိန်း ပေး ပြီးအခြေအနေကို ပြန်ပြခိုင်းတယ်၊ လူနာတွေထဲမှာ ဆေးရုံတက်ကုဖို့ လိုအပ် တဲ့ လူနာတွေ ကို (စိတ်ရောဂါအထူးကု)ဆရာဝန်ရှိတဲ့ မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစေတယ်”ဟု ၎င်းက ဆို သည်။

ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံ သည် ကုတင် ၁၀၀ ဆေးရုံဖြစ်၍ မူအရ စိတ်ရောဂါ အထူးကုဆရာဝန် ချထား၍ မရဟု သိရသည်။
သို့သော် ဆေးဖြတ်လူနာများနှင့် စိတ်ရောဂါ ဝေသနာသည်များ ကုသနိုင် ဖို့အတွက် စိတ်ကျန်းမာရေးဆရာဝန် တစ်ဦး ချထားပေးရန် တနင်္သာရီတိုင်း အစိုးရထံ ဆေးရုံကော်မတီများမှ တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ဆေးရုံကော်မတီ ဥက္ကဋ္ဌ ဦးနေဦး (ခရိုင်အုပ်ချုပ်ရေးမှူး)က ပြောသည်။

ကော့သောင်းမြို့၊ ရွှေပြည်သာရပ် ကွက်တွင်လည်း မူးယစ်ပြန်လည်ထူ ထောင်ရေးစခန်းတစ်ခုကို လူမူဝန်ထမ်း ဦးစီးဌာနက ဆောက်လုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဟု လူမှုဝန် ထမ်းနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံး (ကော့သောင်း)မှ သိရသည်။