KNU တပ်ဖွဲ့ ဂိတ်ကြေး၊ နှစ်စဉ်ကြေး ကောက်ခံခြင်းကြောင့် နစ်နာက တိုင်နိုင်

0
575

တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့တစ်ခုဖြစ်သည့် KNU တပ်ဖွဲ့က ဂိတ်ကြေး၊ နှစ်စဉ်ကြေးများ ကောက် ခံခြင်းကြောင့် နစ်နာပါက တနင်္သာရီ တိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S)ထံ တိုင်ကြားနိုင် ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ယင်းကဲ့သို့ ကောက်ခံခြင်းကို အစိုးရက ခွင့်ပြုထားခြင်း မရှိသကဲ့သို့ ကျင့်ဝတ်အရလည်း ကောက်ခံခွင့် မရှိ ခြင်းကြောင့် တိုင်ကြားလာပါက လစဉ် ကျင်းပသည့် အဆိုပါကော်မတီ အစည်း အဝေးတွင် ဆွေးနွေးညှိနှိုင်းမည်ဖြစ် ကြောင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့် ကြည့်ရေးကော်မတီ(JMC-S) ရုံးကို မြိတ်မြို့တွင် ဖွင့်လှစ်ထားသည်။

ဇူလိုင်လ ၁၇ ရက်က ကျင်းပသည့် တိုင်းအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ် တာကာလ သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားများ၏ မေးမြန်းမှုကို ဗိုလ်မှူးကြီးကျော်ဇေယျက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
(JMC-S)  အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေပါက နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ထံ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ့်ဘက်က နစ်နာတယ် ဆိုရင် လည်းပဲ နစ်နာတဲ့အတွက် တိုင်ကြားဖို့ အတွက် (JMC-S) ရုံးကို အချိန်မရွေး တိုင်ကြားနိုင်ပါတယ်”ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။
လက်ရှိတွင် KNU က ထားဝယ်မှ ထိုင်းနိုင်ငံသို့ သွားရောက်သည့် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် လူတစ်ဦး လျှင် ထိုင်းငွေ ၁၀၀ ဘတ်နှုန်း ကောက်ခံ နေကြောင်း ထီးခီးသို့ ယာဉ်လိုင်းပြေးဆွဲ နေသည့် ယာဉ်မောင်းများထံမှ သိရသည်။

ဂိတ်ကြေးကောက်ခံမှုနှင့် ပတ်သက် ၍ တိုင်းအစိုးရနှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းရမည်ဖြစ်ကြောင်း ကရင်အမျိုး သား အစည်းအရုံး(KNU) တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဆာပိ တုက ဆိုသည်။
“ဖြစ်နိုင်ခြေကို ပြန်ပြီးညှိနှိုင်းရမှာ ပေါ့နော်၊ ပစ်ခတ်ရပ်စဲချိန်မှာ ဖြစ်သင့် တာကို ပြန်လည်ညှိနှိုင်းမှာပေါ့”ဟု ပဒိုစောဆာပိတုက ပြောသည်။

လက်ရှိ KNU တပ်ဖွဲ့က ငွေကြေး ကောက်ခံနေခြင်းကို အချိန်အတိုင်း အတာတစ်ခုအထိ သည်းခံစောင့်ပေးရန် လိုအပ်ကြောင်း လုံနယ်ဝန်ကြီးက ဆို သည်။
KNU က ထိုင်းနိုင်ငံနယ်စပ် အနီးတွင် ၆၆၇၆ ဧကရှိ ထီးခီးစက်မှု ဇုန်ကို အကောင်အထည်ဖော်ရန် လုပ် ဆောင်နေပြီး အကောင်အထည် ဖော်နိုင် ပါက ယင်းကဲ့သို့ ကောက်ခံမှု များရှိမည် မဟုတ်တော့ကြောင်း ၎င်းက ပြောသည်။
ဃြဗ စာချုပ်အရ နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များထဲ တွင်မူ ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်း ဥစ္စာ၊ စားနပ်ရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင် မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုရ ဟု ဖော်ပြပါရှိသည်။