အကွက်ရိုက်ရောင်းစားသူမှအပ လယ်ကိုမြေဖို့သူများ အရေးမယူဟု ဝန်ကြီးချုပ်ဆို

0
353

လယ်မြေကို မြေဖို့ပြီး အကွက်ရိုက် ရောင်းစားသူများမှအပ အခြားသူများကို အရေးမယူဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ဇူလိုင်လ ၁၇ ရက်က ပြုလုပ် သည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ သ တင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

“မြေဖို့ပြီး အကွက်ရိုက်ရောင်းစား တဲ့သူတွေကို အရေးယူမယ်။ မြေဖို့ပြီး ကိုယ့်စီးပွားရေးလုပ်ငန်း ဥပမာ ဆန်စက် လုပ်ချင်လို့၊ ဆိုင်လေး ဆောက်ချင်လို့ စသဖြင့် မြေဖို့တဲ့ ပြည်သူတစ်ယောက်မှ ကျွန်မတို့ အရေးမယူပါဘူး”ဟု ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

လယ်ယာမြေ မြေဖို့သူများကို တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးထားခြင်း မရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
သို့သော် လယ်ယာမြေတွင် မြေဖို့ သူများကို ဥပဒေအရ အမြန်ဆုံးအရေး ယူမည်ဖြစ်ပြီး ထောင်ဒဏ်ကျခံရနိုင် သည်ဟု ဝန်ကြီးချုပ်က သတိပေးခဲ့ဖူး သည်။
NLD အစိုးရ စတက်စဉ်အချိန် ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်က ထားဝယ် မြို့တော်ခန်းမတွင် ပြုလုပ်သည့် တိုင်း အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ တွေ့ ဆုံပွဲတွင် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ် သည်။

ယင်းတွေ့ဆုံပွဲတွင် လယ်ယာမြေ ကို မည်သည့်နည်းလမ်းနှင့်မျှ မည်သူ့ ကိုမဆို သုံးစွဲခွင့်ပြုမည်မဟုတ်ဟု ပြော ဆိုခဲ့သည်။
သို့သော် ဇူလိုင်လ ၁၇ ရက်က ပြုလပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မူ အားလုံးက ပြည်သူများဖြစ်ပြီး နေစရာ၊ ထိုင်စရာမရှိခြင်းကြောင့် မြေဖို့ကြသူများ သာဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
“ကျွန်မတို့က ထပ်ခါထပ်ခါဖို့လာ မှာစိုးလို့ ဟန့်တားတဲ့အနေနဲ့ အရေးယူ မယ်လို့ ပြောခြင်းဖြစ်ပါတယ်”ဟု ဝန် ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြော သည်။

လယ်ယာမြေကို အခြားနည်း အသုံးပြုပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ လယ်မြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက် အအုံ ကို ဖယ်ရှားခြင်း စသဖြင့် ဝန်ကြီးဌာနက ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့က အမိန့်ချမှတ်နိုင်ကြောင်း ၂၀၁၂ လယ်ယာမြေဥပဒေတွင် ဖော်ပြထား သည်။