ရေတွင် သံဓာတ်ပါဝင်မှု မြင့်မားနေခြင်းကြောင့် ထားဝယ်မြို့ ရေပေးဝေရေး မလုပ်နိုင်သေးဟုဆို

0
468

ထားဝယ်မြို့ ကြက်စားပြင်ရပ် ကွက်နှင့် ဆန်းချီရပ်ကွက်တို့အား ပေး ဝေမည့် ရေတွင် သံဓာတ်ပါဝင်မှုနှုန်း မြင့်နေသည့်အတွက် လက်ရှိအချိန်ထိ မပေးနိုင်သေးကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဂျပန်နိုင်ငံမှ JICA ချေးငွေရယူကာ ဂျပန်ပညာရှင်များကိုယ်တိုင် လုပ်ဆောင် နေသည့် မြို့ရေပေးဝေရေး အစီအစဉ်တွင် အဆိုပါ နေရာနှစ်ခုမှထွက်သည့် ရေတွင် သံဓာတ်ပါဝင်မှုနှုန်းမြင့်မားကာ ရေစစ် ကန်တွင် သံဓာတ်ပါဝင်မှုများသည့် အနည်လာပိတ်သည့်အတွက် ရေမပေး နိုင်သေးကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။
အဆိုပါ နေရာများတွင် ၄ လက်မ အဝီစိတွင်းများဖြင့် သန့်စင်ပြီး သောက် သုံးရေ ဖြန့်ဝေရန် လုပ်ဆောင်နေခြင်း ဖြစ်ပြီး ကနဦး လျာထားချက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လခန့်တွင် ဖြန့်ဝေရန် ဖြစ်သည်။

လာမည့်နှစ်တွင် သံဓာတ်ပါဝင်မှု ကို သန့်စင်နိုင်မည့် အခြားနည်းပညာဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်ကိုဦး က ဆိုသည်။
လက်ရှိတွင် ယခင်ကရှိခဲ့သည့် အဝီစိတွင်းအဟောင်းဖြင့် ကြက်စားပြင် ရပ်ကွက်တွင် အိမ်ခြေ ၂၀၀ ခန့်နှင့် ဆန်းချီရပ်ကွက်တွင်အိမ်ခြေ ၈၀ ဝန်း ကျင်သို့ သုံးရေများ ဖြန့်ဝေနေကြောင်း မြို့နယ်စည်ပင်အဖွဲ့ထံမှ သိရသည်။
“လက်ရှိက ပေးလို့မရတာ မဟုတ် ဘူး၊ သန့်စင်တဲ့ရေကို ဖြန့်ဝေဖို့ ရည်ရွယ် ပြီး မပေးသေးတာပါ”ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

မြို့နယ်စည်ပင်အဖွဲ့က အဆိုပါ ရပ်ကွက်များတွင် သောက်သုံးရေ သွယ် တန်းလိုက လာလျှောက်နိုင်ကြောင်း ယမန်နှစ်က ထုတ်ပြန်ထားသည်။
ရေပေးမည့်အချိန်ကို ကြားသိရ သော်လည်း လက်ရှိအချိန်ထိ ပေးဝေခြင်း မရှိသေးသည့်အတွက် မပေးနိုင်သည့် အကြောင်းရင်းကို ထုတ်ပြန်ပေးသင့် ကြောင်း ကြက်စားပြင်ရပ်နေ ဦးဟန်ဝင်း က ဆိုသည်။

“သူတို့ပြောထားပြီးတာကို ဒီလို ဖြစ်လို့ မပေးနိုင်တဲ့အကြောင်းကို ထုတ် ပြန်ပေးဖို့လိုတယ်”ဟု ဦးဟန်ဝင်းက ပြောသည်။
အဆိုပါ မြို့ရေပေးဝေရေး အစီအစဉ် တွင် ကြက်စားပြင်ရပ်ကွက်၊ ဆန်းချီ ရပ်ကွက်အုပ်စုအတွင်းရှိ ဥတ္တရံတိုးချဲ့၊ တလိုင်းထိန်ရပ်ကွက်အုပ်စု၊ မြို့သစ်၊ သင်္ဘောဆိပ်ရပ်ကွက်အတွင်းရှိ ထားဝယ် မြစ်တစ်လျှောက်ရှိ လူနေအိမ်များ နှင့် ကျောက်မော်ရပ်ကွက်ရှိ လူနေအိမ် ၄၈၀ ခန့်ကို ပါဝင်ကြောင်း စည်ပင်သာယာ ရေးအဖွဲ့ထံမှ သိရသည်။