ကျောက်နီမော်တွင် မြေပြိုကျသဖြင့် လူရာချီ ဘေးလွတ်ရာပြောင်းရွေ့

0
370

ထားဝယ် – ရှင်မော်သွားလမ်းပိုင်း တစ်နေရာဖြစ်သည့် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းကနီ တွင်းကျေးရွာတွင် ဇူလိုင်လ ၁၈ ရက် ညနေတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မြေပြိုကျသဖြင့် လူ ၃၀၀ နီးပါး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထား ရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးထံမှ သိရသည်။

ယင်းအပြင် လူနေအိမ်တစ်ဆောင် နှင့် ဆောက်လက်စအိမ်တစ်ဆောင် မြေ အနည်းငယ်ဖုံးသွားပြီး နောက်ထပ်နေ အိမ်တစ်ဆောင်မှာ တစ်ဆောင်လုံးနီးပါး မြေထဲနစ်သွားကြောင်း ကျောက်နီမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်စိုးက ပြောသည်။
ယင်းမြေပြိုကျပြီးနောက် မိုးသည်း ထန်စွာ ဆက်လက်ရွာသွန်းနေသော ကြောင့် နောက်ထပ်ထပ်မံမြေပြိုကျမည် ကို စိုးရိမ်သဖြင့် အင်းကနီတွင်းကျေးရွာ သား ထက်ဝက်ကျော်ကို တောင်ကုန်း ပေါ်ရှိ ကျောက်နီမော်ဘုန်ကြီးကျောင်းကို ပြောင်းရွှေ့ပေးထားရကြောင်း ဒေါ်သက် သက်စိုးက ပြောသည်။

“မြေက ဟိုနေရာနည်းနည်းပြို လိုက်၊ ဒီနေရာနည်းနည်း ပြိုလိုက်ဆို တော့ ပြိုကျလာရင် ပြေးဖို့မလွတ်ဘူး။ အဲဒါကြောင့် ကြိုပြီးရွှေ့ပေးထားတာ”ဟု ၎င်းက ဆိုသည်။

နေအိမ်မရှိတော့သဖြင့် မူလတန်း ကျောင်းသားအရွယ် ကလေးလေးဦးဖြင့် နေရေး၊ ထိုင်ရေး အခက်အခဲရှိနေကြောင်း နေအိမ်တစ်ဆောင်လုံးနီးပါး မြေမြုပ် သွားသည့် အိမ်ပိုင်ရှင် ဒေါ်တင်တင်ခိုင်က ပြောသည်။
“အိမ်ဆောက်ထားတဲ့ အကြွေး တောင် မပြေသေးဘူး။ အခုအိမ်မရှိတော့ ဘူးဆိုတော့ ဘယ်လိုနေရမယ်မှန်း မသိ တော့ဘူး။ သူများအိမ်မှာပဲ ဖြစ်သလို ခိုကပ်ပြီး လိုက်နေရမှာပေါ့”ဟု ဒေါ်တင် တင်ခိုင်က ဆိုသည်။
ဘေးလွတ် ရာပြောင်းရွှေ့လာသူ များကို လောင်းလုံးမြို့နယ် ပြည်သူ့ ဆေးရုံမှ ဝန်ထမ်းများလာရောက်ပြီး ကျန်းမာ ရေးစောက်ရှောက်မှုများ လုပ်ဆောင်ပေး နေကြောင်း ပြောင်းလာသူများကို ကူညီ ပေးနေသည့် မြတ်မိခင် ပရဟိတ လူမှု ကူညီရေးအဖွဲ့ သားတစ်ဦးဖြစ်သူ ကိုသန်းဇော်မြတ်က ပြောသည်။

ပြောင်းရွှေ့လာသူများအနက် တစ်ဦး ကို သကျက်တော တိုက်နယ်ဆေးရုံးသို့ ပို့ပေးထားရကြောင်း ကိုသန်းဇော်မြတ်က ဆိုသည်။
ယင်းမြေပြိုကျသည့်နေရာသို့ကျေး ရွာသူ၊ ကျေးရွာသားများ၊ တပ်မတော် သားအချို့၊ ရဲတပ်ဖွဲ့ဝင်အချို့တို့ လာ ရောက်အကူအညီပေးနေကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇူလိုင်လ ၂၀ ရက် ညအထိ မေးမြန်း ချက်အရ ယာယီပြောင်းရွှေ့သည့်နေရာ တွင် ရွာသူရွာသားများ ခိုလှုံနေရ ဆဲဖြစ် ကြောင်း သိရသည်။