ယာဉ်တိုက်မှုကြောင့် ထားဝယ်တွင် အများဆုံးသေဆုံး

0
442

တိုင်းအတွင်းရှိ ခရိုင်သုံးခုအနက် ထားဝယ်ခရိုင်တွင် ယာဉ်တိုက်မှုကြောင့် အများဆုံးသေဆုံးလျက် ရှိသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၆ ရက်အထိ ထားဝယ်ခရိုင်တွင် ယာဉ် တိုက်မှု ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆ ဦးအထိရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ အရ သိရသည်။

မြိတ်ခရိုင်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက် ဒုတိယအများ ဆုံးဖြစ်ပြီး ကော့သောင်းခရိုင်က အနည်း ဆုံး ဖြစ်သည်။
ထားဝယ်ခရိုင်တွင် ယာဉ်တိုက် မှုကြောင့် ဒဏ်ရာရသူ ၁၄၁ ဦး၊ မြိတ် ခရိုင်တွင် ၁၂၈ ဦးနှင့် ကော့သောင်း ခရိုင်တွင် ၉၄ ဦးရှိကြောင်း တိုင်းရဲမှတ် တမ်းအရ သိရသည်။

၂၀၁၇ ခုနှစ်က တိုင်းအတွင်း ယာဉ် တိုက်မှုကြောင့် သေဆုံးသူ ၂၃၁ ဦးရှိပြီး ဒဏ်ရာရသူ ၉၄၅ ဦးရှိကြောင်း ရဲတပ်ဖွဲ့ စာရင်းအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၆ ရက်အထိ ခရိုင်အလိုက် ယာဉ်တိုက် မှုကြောင့် သေဆုံး/ဒဏ်ရာ ရသူအရေ အတွက်
ခရိုင် ဖြစ်ပွားမှု သေဆုံး ဒဏ်ရာရ

ထားဝယ် ၁၁၉ ၂၆ ၁၄၁
မြိတ် ၈၅ ၂၄ ၁၂၈
ကော့သောင်း ၆၄ ၁၇ ၉၄