ကော့သောင်းပင်လယ်ပြင်တွင် စက်လှေတိမ်းမှောက်၊ ဇနီးမောင်နှံ နှစ်ဦးသေဆုံး

0
493

ကော့သောင်းမြို့နယ်၊ စူငယ်ပါ လိုင်းကျေးရွာအုပ်စု၊ ကမ်ပုံမာတန်း ကျေးရွာအနီး ပင်လယ်ပြင်တွင် ဇူလိုင် ၁၇ ရက်က စက်လှေ တစ်စီး တိမ်း မှောက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ ရသည်ဟု အောင်ဘာကျေးရွာအုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။

ရွာမှ စက်လှေဖြင့် အောင်သန်း ချောင်းကျွန်းရှိ ဥယျာဉ်ခြံသို့အသွား ပင်လယ်ပြင်တွင် ရုတ်တရက် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး လှိုင်းလေထန်မှု ကြောင့် စက်လှေတိမ်းမှောက်ခဲ့ရာ လှေပေါ်လိုက်ပါသူ ၆ ဦးအနက် ဇနီး မောင်နှံနှစ်ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု အောင်ဘာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဦးက ပြောသည်။

“သိတာနဲ့ ကယ်ဆယ်ရေးတွေ ချက်ချင်း လုပ်ကြပါတယ်၊ အမျိုးသား အလောင်းကို ညနေ ၃နာရီလောက်မှာ ပြန်တွေ့ပြီး၊ အမျိုးသမီး အလောင်းကို တော့ ဇူလိုင် ၁၈ရက် မနက်ပိုင်းက ပြန်တွေ့ခဲ့တာပါ”ဟု ဦးမောင်ဦးက ဆို သည်။

သေဆုံးသူ ဇနီးမောင်နှံ နှစ်ဦးတွင် မူလတန်းအရွယ် ကလေးငယ် ၃ ဦး ကျန်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် မိုးရာသီကလည်း အောင်ဘာကျေးရွာသို့ ကျောင်းတက် လာသည့် ကျောင်းသားများပါ စက်လှေ တစ်စီး တိမ်းမှောက်ခဲ့ဖူးပြီး အသေ အပျောက် မရှိခဲ့ပေ။