လောင်းလုံးတွင် ချောင်းရေထိန်းနံရံ ပြိုကျ၊ ကျေးရွာချင်းဆက်လမ်းပိုင်း ပျက်စီး

0
422

လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ အောင်ချမ်းသာချောင်း ရေထိန်းနံရံပြိုကျ သဖြင့် လောင်းလုံး-ပြင်းထိန် ကျေးရွာ ချင်းဆက် လမ်းပိုင်းပျက်စီးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ချောင်းရေလျှံပြီး ရေတိုးအားကြောင့် ဇူလိုင်လ ၁၇ ရက်က ရေထိန်းနံရံ ပေ ၂၀၀ ခန့် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်လွင်က ပြောသည်။

ယင်းရေထိန်းနံရံပြိုကျမှုကြောင့် လောင်းလုံး-ပြင်းထိန်လမ်းပိုင်း ပေတစ်ရာ ကျော်ခန့်တွင် ကား၊ ဆိုင်ကယ် စသည့် ယာဉ်များ သွားလာမရအောင် လမ်းကို ရေဖြတ်စီးကာ ပျက်စီးနေပြီး နေအိမ် ၃ ဆောင်နှင့် ကလေးကစားကွင်း တစ်ခု ရေလွှမ်းလျက်ရှိသည်။
လမ်းပိုင်းပျက်စီးနေခြင်းကြောင့် လောင်းလုံး အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ပြင်းထိန်၊ စစ်ပြဲ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ များ သွားရေး၊ လာရေး အခက်အခဲရှိနေ ကြောင်း ယင်းလမ်းတွင် နေထိုင်သူ ဒေါ်စန်းဟိုက ပြောသည်။
“လမ်းကတော့ မြင်တဲ့အတိုင်းပဲ။ လူတောင်မနည်းသတိထားပြီး လမ်း လျှောက်နေရတယ်။ စဖြစ်တဲ့နေ့ကဆို ဒီချောင်းထဲကရေတွေ မတို့ခြံနားတစ် ဝိုက်မှာ လူတစ်ရပ်စာလောက်ရှိတယ်”ဟု ဒေါ်သန်းဟိုက ဆိုသည်။

ပျက်နေသည့်လမ်းပိုင်းကို ပြန်ပြု ပြင်ပေးရန် ယင်းလမ်းအားတာဝန်ယူလုပ် ကိုင်ခဲ့သည့် ကုမ္ပဏီကို အကြောင်းကြား ထားပြီး ရေထိန်းနံရံအတွက်မူ သဲအိတ် များဖြင့် ယာယီ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ဦးသန့်လွင်က ပြောသည်။
ယင်းရေထိန်းနံရံကို ယခင်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်တွင် ဆောက် လုပ်ထားခြင်းဖြစ်ပြီး မည့်သည့်ဌာနက တာဝန်ယူလုပ်ဆောင်ထားသည်ကို သေချာစွာ မသိရသေးကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။