MPT နေ့စားဝန်ထမ်းများ အနည်းဆုံးအခကြေးငွေ မရ

0
445

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နေ့စားဝန်ထမ်းများ အစိုးရက တရားဝင် သတ်မှတ်ထားသည့် အနည်း ဆုံးအခကြေးငွေ တစ်နေ့ ကျပ် ၄၈၀၀ နှုန်း မရသေးကြောင်း ယင်းနေ့ စားဝန်ထမ်း အချို့နှင့် တနင်္သာရီတိုင်း မြန်မာ့ ဆက်သွယ်ရေးရုံး ထံမှ သိရသည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်း များရှိ နေ့စားဝန်ထမ်းများကို မေလ ၁၄ ရက်မှစပြီး အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ် ၄၈၀၀ သို့ တိုးမြှင့် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက ဇွန်လ ၂၇ ရက်က အမိန့်ထုတ် ထားသည်။
သို့သော် တနင်္သာရီတိုင်းအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နေ့စားဝန်ထမ်းများမှာ ဇွန်လကုန်အထိ တစ်ရက်လျှင် ကျပ် ၃၆၀၀ နှုန်းသာ ရရှိနေကြောင်း အဆိုပါ နေ့စားဝန်ထမ်း အချို့က ပြောသည်။

၎င်းအပြင် ယခင်က စနေ၊ တနင်္ဂနွေနေ့ များပါ လုပ်အားခရသော်လည်း ယခုနှစ် ဧပြီလမှ စပြီး စနေ၊ တနင်္ဂနွေရုံးပိတ် ရက်များအတွက် နေ့စားခ ဖြတ်တောက် မှုများရှိလာကြောင်း ၎င်းတို့က ပြော သည်။
“လစာအရ နည်းတဲ့ကြားက စနေ၊ တနင်္ဂနွေပါ ဖြတ်လိုက်တော့ ပိုပြီး အဆင်မပြေဖြစ်သွားတာပေါ့”ဟုMPT နေ့စားဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်က ယင်းနေ့စားဝန်ထမ်းများကို ကျပ် ၄၈၀၀ သို့ တိုးပေးရန် ဇူလိုင်လ ၅ ရက်မှ ညွှန်ကြားချက်ရရှိသဖြင့် ဇူလိုင်လအကုန်တွင် တရားဝင်သတ်မှတ် ထားသည့် အနည်းဆုံးအခကြေးငွေ ရရှိတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးရုံးမှ ကြီးကြပ်ရေးမှူး ဒေါ်မိုးသူဇာက ပြော သည်။

ဇွန်လအကုန်အထိကျပ် ၃၆၀၀ နှုန်းသာ ပေးထားသဖြင့် အမိန့်ထုတ်ပြန် သည့် မေလ ၁၅ ရက်မှစ၍ ကျပ် ၄၈၀၀ နှုန်းဖြင့်ပေးရန်အတွက် ပေးရန်ကျန်ရှိနေ သည့် လုပ်ခများကို ယင်းနှုန်းထားဖြင့် တွက်ချက်ကာ ရုံးချုပ်သို့ ပို့ပေးထားပြီး ဖြစ်ကြောင်း ဒေါ်မိုးသူဇာက ပြောသည်။
စနေ၊ တနင်္ဂနွေနေ့များတွင် လုပ်ခ ဖြတ်တောက်ခြင်းမှာ ယင်းနေ့များတွင် အလုပ်ဆင်းပါက တစ်နာရီလျှင် ကျပ် ၁၇၀၀ နှုန်း သတ်မှတ်ပေးထားသော ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အမှန်တကယ် အလုပ်ဆင်းမယ်ဆို ရင် တစ်နာရီ ၁၇၀၀ နှုန်းနဲ့တွက်ပြီး ပေးမယ်”ဟု ၎င်းက ပြောသည်။
နေ့စားအလုပ်သမားများ၏ လုပ်ခများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရုံးချုပ်မှ MPT ကတ်စနစ်ဖြင့် ယင်းအလုပ်သမားများထံ တိုက်ရိုက် ထုတ်ပေးလျက်ရှိပြီး ထပ်ဆောင်းချီး မြှင့်ငွေများကိုလည်း လစဉ်ချီးမြှင့်လျက် ရှိကြောင်း ဒေါ်မိုးသူဇာက ဆိုသည်။
တနင်္သာရီတိုင်းအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် နေ့စားဝန် ထမ်းပေါင်း ၄၂ ဦးရှိကြောင်း တိုင်း ဒေသကြီးရုံးထံမှ သိရသည်။