ကော့သောင်းတွင် မူးယစ် ပြန်လည်ထူထောင်ရေးစခန်း ဆောက်လုပ်

0
448

ကော့သောင်းမြို့နယ်အတွက် မူးယစ် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုကို ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် တွင် တည်ဆောက်လျက်ရှိကြောင်း ကော့သောင်းမြို့နယ် လမ်းတံတားဦးစီး ဌာန အဆောက်အဦအထူးအဖွဲ့ ၁၆ ထံ မှ သိရသည်။
အလျား ၉၀၊ အနံ ၃၀ ၊ အကျယ် ၂၄ ပေရှိ RC နှစ်ထပ်အဆောက်အအုံ ဖြစ် ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရ ရန်ပုံ ငွေ ၂၅၇.၂၆သန်းဖြင့် တည်ဆောက် လျက် ရှိကြောင်း အထက်ပါအဖွဲ့မှ သိရသည်။

လက်ရှိတွင် မြေညှိမြေဖို့ခြင်း၊ အုတ်ဖြင့် ခြံစည်းရိုးကာရံခြင်း စသည် တို့ကို ကနဦးလုပ်ဆောင်လျက်ရှိကြောင်း အဆောက်အဦအထူးအဖွဲ့ ၁၆ မှ လက် ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအေးမင်းက ဆိုသည်။
အဆိုပါ အဆောက်အအုံပြီးပါက မူးယစ်ဆေးဝါးစွဲနေသည့် သူများကို သီးခြားထားရှိကာ ဆေးဖြတ်ပေးနိုင်မည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူမူ့ ဝန်ထမ်းဦးစီးဌာန ဒုဦးစီးမှူးက ဆိုသည်။

လက်ရှိတွင် မူးယစ်ဆေးဖြတ်မည့် လူနာများကို ပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိကာ ကုသပေးလျက်ရှိ သည်ဟု ၎င်းက ဆိုသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီး ၂၀၁၉ခုနှစ်တွင် လုပ်ငန်း ပြီးစီးရန် လျာထားကြောင်း ကော့သောင်း မြို့နယ် လမ်းတံတားဦးစီးဌာန အဆောက် အဦ အထူးအဖွဲ့ ၁၆ ထံမှ သိရသည်။