မွန်ရှိ သမဝါယမအသင်းများကို ငွေကျပ် သန်း ၁၇၀၀၀ ကျော် ထုတ်ချေးပေးမည်

0
458

မွန်ပြည်နယ်အတွင်းရှိ သမဝါယမ အသင်းများအား ငွေကျပ်သန်း ၁၇၀၀၀ ကျော် ထုတ်ချေးပေးသွားမည်ဟု မွန် ပြည်နယ် သမဝါယမဦးစီးဌာနထံမှ သိရ သည်။

ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူးရေးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယ မ အသင်းသားများအား အသေးစားချေး ငွေထုတ်ချေးပေးခြင်းဖြစ်သည်ဟု မွန် ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူး ဦးလှဟန်က ပြောသည်။
“ဒီချေးငွေက တရုတ်နိုင်ငံဘက်က ချေးပေးတဲ့ ချေးငွေဖြစ်တယ်၊ ဒီချေးငွေ ကို ၆ လ တစ်ကြိမ် ပြန်ဆပ်ရမယ်၊ အတိုးနှုန်းက တစ်ကျပ်ခွဲပါပဲ၊ အဓိကက တော့ စိုက်ပျိုးရေးအတွက် ချေးတာ ဖြစ်တယ်”ဟု ဦးလှဟန်က ပြောသည်။

ထုတ်ချေးပေးမည့် ငွေကျပ်သန်း ၁၇၅၉၂ ဒသမ ၈၀ အနက် အသေးစား အရင်းအနှီးအတွက် ၁၆၉၉၇ ဒသမ ၁၅ သန်း၊ လယ်ယာမြေ အဆင့်မြှင့်တင် ရေးအတွက် ၂၃၇ သန်း၊ မျိုးစေ့ထုတ် သမဝါ ယမအသင်းအတွက် ၄၃ ဒသမ ၅ သန်း၊ လယ်ယာသုံးစက်ကိရိယာ ဝယ်ယူရန်အတွက် ၂၇၀ ဒသမ ၁၅ သန်း၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၄၅ သန်းတို့ ဖြစ်သည်ဟု မွန်ပြည်နယ် သမဝါယမ ဦးစီးဌာနစာရင်းအရ သိရသည်။

ချေးငွေများကို မြို့နယ်သမဝါယ မအသင်းများမှတစ်ဆင့် ထုတ်ချေးပေး သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြော သည်။
“ချေးငွေတွေကို အမှန်တကယ် လုပ်ငန်းခွင်မှာ ရင်းနှီးစိုက်ထုတ်မှု ရှိ မရှိ မျက်ခြည်မပြတ်အောင် အကဲဖြတ် သွားမယ်”ဟု ဝန်ကြီးက ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် သမဝါ ယမအသင်းပေါင်း ၁၀၀၀ နီးပါးရှိပြီး သမဝါယမအသင်းသားဦးရေ စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိသည်ဟု ပြည်နယ်သမ ဝါယမ ဦးစီးဌာနစာရင်းအရ သိရသည်။