အန္တရာယ်ရေမှတ်ကျော် ရေလွှမ်းနေသော်လည်း တနင်္သာရီမြို့ အာဇာနည်နေ့ အခမ်းအနား ပွဲမပျက်

0
484

မြစ်ရေလွှမ်းမှုကြောင့် နေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရသော်လည်း ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကို တနင်္သာရီမြို့တွင် မပျက်မ ကွက် ပြုလုပ်ခဲ့သည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကို ၁၇ ပေ၊ အန္တရာယ်ရေမှတ်ကို ၂၄ ပေ သတ် မှတ်ထားရာ ဇူလိုင်လ ၁၉ ရက်တွင် ၂၅ ပေကျော်အထိ မြင့်တက်လာနေ သည်။

မြစ်ရေလွှမ်းမှုကြောင့် ဇူလိုင်လ ၁၅ ရက်မှ ၁၈ ရက်အထိ မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာများရှိ အိမ်ခြေ ၁၉၅ အိမ်၊ အိမ်ထောင်စု ၂၀၆ စုမှ ကျား ၅၃၅၊ မ ၅၀၆ စုစုပေါင်း ၁၀၄၁ ဦးတို့ အား ကယ်ဆယ်ရေးစခန်းများသို့ အရေး ပေါ်ပြောင်းရွှေ့ထားရကာ စာသင် ကျောင်း ၃၀ ယာယီပိတ်ထားရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယင်းကဲ့သို့ အခြေအနေတွင် အာ ဇာနည်နေ့အခမ်းအနားကို တနင်္သာရီမြို့ ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်ထုသို့ ချီတက်အ လေးပြု၊ ပန်းခွေချခြင်းတို့အား ပြုလုပ် ခြင်း ဖြစ်သည်။

“အာဇာနည်ခေါင်း ဆောင်ကြီးတွေ ရဲ့ တိုင်းပြည်အပေါ် စွန့်လွှတ်အနစ်နာခံ ပြီး တိုင်းပြည်လွတ်လပ်ရေးရတဲ့အထိ တိုင်အောင် အသက်ပေးဆပ်ခဲ့တဲ့ ကျေးဇူး တရားတွေကို မမေ့မ လျော့ရအောင်ပါ”ဟု မြစ်ရေလွှမ်းနေသည့် ကြားထဲ ပွဲပြု လုပ်ရခြင်း ရည်ရွယ်ချက်အတွက် တနင်္သာရီမြို့နယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။
ယင်းသို့ ကျင်းပခြင်းဖြင့် နောင်မျိုး ဆက်သစ်လူငယ်တွေလည်း နိုင်ငံချစ် စိတ်၊ တိုင်းပြည်အပေါ် အနစ်နာခံသည့် စိတ်နှင့် အာဇာနည် သူရဲကောင်းများ၏ စိတ်ဓာတ်ကိန်း အောင်းလာနိုင်မည်ဖြစ် ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြ သည်။
အာဇာနည်နေ့အခမ်းအနား ပြုလုပ် ရာ ဗိုလ်ချုပ်မြင်းစီးရုပ်ထုသို့ ချီတက်ရာ တွင် မြစ်ရေထဲမှ ခြေလျင်ဖြင့် လည်းကောင်း လှေငယ်များဖြင့်လည်းကောင်း ချီတက် ခဲ့ကြကြောင်း မြို့ခံတချို့ထံမှ သိရသည်။

တနင်္သာရီမြို့၏ အာဇာနည်နေ့ အခမ်းအနားတွင် လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်း များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကျော်ဟိန်းထံမှ သိရသည်။