အေးချမ်းသာ ကျေးရွာတွင် ဗိုလ်ချုပ်ရုပ်ထု ဖွင့်ပွဲ ကျင်းပ

0
423

ကော့သောင်းခရိုင်၊ ခမောက်ကြီး မြို့၊ အေးချမ်းသာကျေးရွာတွင် အာဇာ နည်နေ့ အခမ်းအနားနှင့်အတူ ဗိုလ်ချုပ် ရုပ်ထုဖွင့်ပွဲ အခမ်းအနားကိုလည်း ဇူလိုင် ၁၉ရက်တွင် ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ရုပ်ထုကို အာဇာနည် ခေါင်းဆောင်ကြီးများအား နှစ်စဉ်ဂါရ ၀ပြု ချီတက်အလေးပြုနိုင်ရန်နှင့် အနာ ဂတ်လူငယ်များ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကို လေးစားအတုယူနိုင်ရန် ရည်ရွယ်ထုဆစ်ခဲ့ခြင်း ဖြစ်ကြောင်း အေးချမ်း သာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ စာရေး ဦးဇင်ယော်က ပြောသည်။

ဗိုလ်ချုပ်ရုပ်ထုမှာ အလျား၉ပေ ၊ အမြင့် ၇ပေ ရှိ မြင်စီးနေပုံဖြစ်ပြီး ရုပ်ထု ဖြစ်မြောက်ရန် ကျေးရွာသားများ စုပေါင်းလှူဒါန်းငွေဖြင့် ထုဆစ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အေးချမ်းသာကျေးရွာသည် ပါချန် မြစ်နံဘေးတည်ရှိပြီး မြို့နှင့် မိုင်၇၀ ကျော်ဝေးပြီး ထိုင်းနယ်စပ်နှင့် အနီးဆုံး ကျေးရွာ တစ်ရွာဖြစ်သည်။