နာရေးသွားမေးသူနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး

0
392

နာရေးသွားမေးရန် မြိတ်မြို့မှ ပုလောမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက် ခဲ့သည့် အမျိုးသမီးနှစ်ဦး ယာဉ်တိုက်မှု ဖြင့် သေဆုံးခဲ့ကြောင်း ပပြင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဇူလိုင်လ ၉ ရက်နေ့က အဆိုပါ အမျိုးသမီးနှစ်ဦးအနောက်မှ ထိုင်လိုက် ပြီး အမျိုးသားတစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်သည် မြိတ်မြို့နယ် ပပြင်ကျေး ရွာအုပ်စု၊ အထက်ပပြင်ကျေးရွာအနီးတွင် ၁၂ ဘီး ကုန်တင်ယာဉ်နှင့် မျက်နှာချင်း ဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ဆိုင်ကယ်မှာ ကုန်းဆင်းအရောက် တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ် ကြောရှိ ကုန်တင်ယာဉ်အား မျက်နှာချင်း ဆိုင်ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အုပ် ချုပ်ရေးမှူး ဦးစောဦးက ပြောသည်။

“လမ်းအကွေ့မှာ ကွေ့လို့မရဘဲ အရှိန်လွန်ပြီး သွားတိုက်တာ”ဟု အုပ် ချုပ်ရေးမှူး ဦးစောဦးက ပြောသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနင်သူမှာ ဒဏ်ရာရရှိခဲ့ပြီး အမျိုး သမီးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သမုတ်ရဲကင်းစခန်းထံမှ သိရသည်။

ဆိုင်ကယ်မောင်းနှင်သည့် အသက် ၂၄ နှစ်ရှိ အမျိုးသားအား ယာဉ်(ပ) ၆။ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၇၉ ။ ၃၀၄-က ။၃၃၈တို့ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သမုတ်ရဲကင်းစခန်းထံမှ သိရ သည်။