ဆီအုန်းကုမ္ပဏီ သိမ်းဆည်းမြေကိစ္စ တောင်သူ ၂၀၀ ဦးကျော် ဆန္ဒပြ

0
450

မြိတ်ခရိုင် တနင်္သာရီနယ်တွင် ရွှေ ကမ္ဘောဇဆီအုန်းကုမ္ပဏီက သိမ်းဆည်း ထားသည့် မြေဧက ၄၀၀၀ ကျော်အတွက် ဇူလိုင်လ ၈ ရက်က တောင်သူ ၂၀၀ ဦး ကျော်က ဆန္ဒပြခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲတွင် ဌာနတိုင်း ရင်းသားများ နေထိုင်ရန် ရွာမြေနယ်နိ မိတ်များ ဖော်ဆောင်ပေးရေး၊ သိမ်း ဆည်းထားသော မြေများအား နိုင်ငံတော် မူဝါဒနှင့်အညီ အမြန်ဆုံးဖြေရှင်းပေးရေး၊ ဒေသခံတောင်သူများ မြေယာပိုင်ဆိုင် မှုရရှိရေးနှင့် စားကျက်မြေများ ဖော်ထုတ် ပေးရေး စသည့်ကြွေးကြော်သံများ ကြွေး ကြော်ဆန္ဒပြခဲ့ကြသည်။

“အစိုးရကို ဆန္ဒပြနေတာမဟုတ်ဘူး ရွေကမ္ဘောဇက လုပ်နေတာကို အစိုးရက သိအောင်ပါ”ဟု ဆန္ဒပြပွဲတွင် ဦးဆောင် သူတစ်ဦးဖြစ်သူ ထုံခါရွာနေ ဦးမောင်မြင့် က ပြောသည်။
တနင်္သာရီမြို့နယ် သမုတ်ချုံးကျေး ရွာအုပ်စုနှင့် သိန်ခွန်းကျေးရွာအုပ်စုအ တွင်းရှိ ရှင်းအင်းတော်၊ တားပလပ်၊ ထုံ ခါ စသည့် ကျေးရွာ ၆ ရွာနေ တောင်သူ တစ်ထောင်ဦးကျော်၏ ဥယျာဉ်ခြံမြေ များကို သိမ်းဆည်းထားကြောင်း ဆန္ဒပြ ပွဲဦးဆောင်သူတို့နှင့် ကျေးရွာနေတောင် သူတစ်ချို့က ပြောပြသည်။

ရွှေကမ္ဘောဇဆီအုန်းကုမ္ပဏီ စတင် လုပ်ကိုင်ခဲ့သည့် ၁၉၉၉ ခုနှစ်ခန့်က ထုံ ခါရွာနှင့် ရှမ်းအင်းတော်ကျေးရွာသားတို့ ၏ မြေယာများကို အသိမ်းဆည်းခံထား ရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်ဟိန်းထံမှ သိရသည်။
ကုမ္ပဏီသည် ဆီအုန်းစိုက်ခင်းလုပ် ကွက်အတွက် မြေဧက သုံးသောင်းခွဲ ကျော်အား ခွင့်ပြုရရှိထားပြီး ကုမ္ပဏီ စတင်ဝင်ရောက်ခဲ့သည့် နှစ်မှစပြီး လက် ရှိအချိန်အထိ တောင်သူများ၏ ဥယျာဉ် ခြံမြေများကို သိမ်းဆည်းမှုများ ရှိနေ ကြောင်း ဦးမောင်မြင့်က ပြောပြသည်။
“တောင်သူတွေ စိုက်ထားတဲ့ ဥ ယျာဉ်မြေတွေကို ကုမ္ပဏီက ဘူဒိုဇာစက် နဲ့ ဝင်ထိုးတာတွေလည်း ကြုံခဲ့ရတယ်”ဟု ရှမ်းအင်းတော်ကျေးရွာနေ တောင်သူ ဦးလှဌေးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို တနင်္သာရီမြို့ နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှ မြို့တွင်းသို့ လှည့်လည်ပြီး တနင်္သာရီမြို့နယ်ခန်းမ ရှေ့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။