မကြုံကလက် ဘော်ဒါဆောင် ဩဂုတ်လအတွင်း ဖွင့်မည်

0
452

ကော့သောင်းမြို့နယ် ၊ စူငယ်ပါ လိုင်ကျေးရွာအုပ်စု၊ မကြုံကလက် ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဆလုံ ဘော်ဒါဆောင်ကို လာမည့် ဩဂုတ်လ အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မကြုံကလက်ကျေးရွာ ဆလုံဘော်ဒါ ဆောင် ထိန်းသိမ်းကြပ်မတ်ရေး အဖွဲ့ထံ မှ သိရသည်။

ယင်းဘော်ဒါဆောင်တွင် ကျောင်း အိပ်ကျောင်းစားတက်မည့် ဆလုံ ကျောင်းသား ၂၈ ဦး လက်ခံထားပြီးဖြစ်၍ ဘော်ဒါဆောင် ကို ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ သိရသည်။
မကြုံကလက် အလယ်ကျောင်းခွဲ တွင် ကျောင်းတက်နေသည့် ဆလုံ ကလေးဦးရေ ၈၀ ဦး အနက် ၂၈ ဦးမှာ ဘော်ဒါဆောင်နေရန် လာရောက်စာ ရင်းပေးသွင်းထားသည်ဟု ယင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်က ဆိုသည်။

“ဆလုံတွေရှိတဲ့ တခြားရွာတွေကို လည်း ကျေးရွာရာအိမ်မှူးတွေကနေ တစ်ဆင့် အသိပေးပြီး ခေါ်ပါတယ် ၊ ဒီနေ့ အထိတော့ အကြောင်းကြားလာတာ မရှိ သေးဘူး”ဟု မကြုံကလက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းက ဆို သည်။
ဆလုံကျောင်းသားများအတွက် သီးခြားမဟုတ်ဘဲ ပညာရေးလိုလားသည့် ချို့တဲ့ကျောင်းသားများအားလုံး တက် နိုင်ရန် စီစဉ်ပေးသင့်ကြောင်း ဦးကြည် ဝင်းက ပြောသည်။

ကျောင်းဖွင့်သည့်အချိန် ကျေးရွာရှိ ဆလုံကလေးများနှင့် ရွာနီးချုပ်စပ် ပင်လယ်ရွာများတွင် နေထိုင်ကြသည့် အလယ်တန်းတက်မည့် ဆလုံကလေး များအတွက် တင့်တင့်မြန်မာကုမ္ပဏီက အဆိုပါ ကုမ္ပဏီကို ဆောက်လုပ်လှူဒါန်း ထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက် တွင် ဒုသမ္မတ ဟင်နရီဘန်ထီးယူနှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးထားခြင်း ဖြစ်သည်။
သို့သော် ကျောင်းဖွင့်ချိန်တွင် ကျောင်းသားလက်ခံရန် အဆင်သင့် မဖြစ်ခဲ့ပေ။