ထိုင်းမှ အဝယ်မရှိသောကြောင့် ကော့သောင်း အုန်းသီးဈေး ထက်ဝက်အထိ ထိုးကျ

0
479

ထိုင်းနိုင်ငံ ရနောင်းမြို့မှ အုန်းသီး အဝယ်မရှိသောကြောင့် ကော့သောင်း ဒေသထွက် အုန်းသီးဈေး ယခင်နှစ်က ထက် ထက်ဝက်ထိုးကျခဲ့ကြောင်း ကော့သောင်းမြို့ မလိဝမ်းကျေးရွာရှိ အုန်းခြံပိုင်ရှင်များက ပြောသည်။
ရနောင်းဘက်မှ အုန်းသီးအဝယ် မရှိသောကြောင့် လက်ရှိတွင် အုန်းသီး တစ်လုံးလျှင် ဖောက်သည်ဈေး ၃၀၀ ကျပ်သာ ရှိတော့ကြောင်း အုန်းခြံပိုင်ရှင် များက ဆိုသည်။

ထိုင်းဘက်က အုန်းသီးဝယ်နေစဉ် အခါက ဖောက်သည်ဈေး တစ်လုံးလျှင် ၁၅ဘတ် (မြန်မာငွေ ၆၀၀ကျပ်ခန့်)အထိ ရရှိခဲ့သည်ဟု မလိဝမ်းကျေးရွာမှ အုန်းခြံ ပိုင်ရှင် ဒေါ်မြင့်ကြည်က ဆိုသည်။
လက်ရှိတွင် ဒေသမှ အုန်းသီး ငှက်ပျောသီး ရောင်းသူများသာ ဖောက် သည်ပြန်ပေးနေရသည်အတွက် ဈေး ထက်ဝက်မကကွာသွားကြောင်း ၎င်းက ဆိုသည်။

၂၀၁၇ခုနှစ် ကုန်ဆန့်ကတည်းက ထိုင်းဘက်မှ အုန်းသီးဝယ် ယူမှု ရပ်နားခဲ့သည်ဟု အုန်းခြံပိုင်ရှင်များ က ဆိုသည်။
“အခု ထိုင်းက အင်ဒိုဘက်က အုန်းသီး တွေ ဝယ်နေလို့ ဒီဘက်မှာ လာမဝယ် တော့ဘူး၊ ဒီဘက်ကနေ သယ်တာက စရိတ်ပိုများတယ်လို့ ယခင်ဝယ်နေကျ ထိုင်းဖောက်သည်တွေက ပြောတယ်”ဟု ကော့သောင်းမြို့ မင်္ဂလာဈေးတွင် အုန်းသီးရောင်းနေသည့် ဦးလွန်တင်က ဆိုသည်။

ကော့သောင်းသည် နယ်စပ်မြို့ဖြစ် သည့်အတွက် ဒေသထွက် ကုန်အားလုံး သည် ရနောင်းဈေးကွက်ကိုသာ အမှီပြု နေရပြီး ရနောင်းဈေးကွက်က အဝယ် နည်းသည့်အခါ ဒေသထွက်ကုန်များ ဈေးထိုးကျလေ့ ရှိသည်။
ကော့သောင်းဒေသတွင် မလိဝမ်း ကျေးရွာသည် အုန်းပင်အများဆုံး စိုက် ပျိုးသည့်ရွာ ဖြစ်သည်။