တနင်္သာရီတိုင်းတွင် ဆင်းရဲသည့် ကျောင်းသားငါးရာကျော်ကို ပညာသင်ထောက်ပံ့ကြေး ပေးမည်

0
519

တနင်္သာရီတိုင်းအတွင်း ဆင်းရဲနွမ်း ပါးပြီး ကျောင်းနေရန် အခက်အခဲရှိသည့် အခြေခံပညာ ကျောင်းသားငါးရာကျော် ကို ပညာသင်ထောက်ပံ့ကြေးပေးအပ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး မှူးရုံးထံမှ သိရသည်။

မူလတန်းကျောင်းသားတစ်ဦးလျှင် ငါးထောင်ကျပ်၊ အလယ်တန်းကျောင်း သားတစ်ဦးလျှင် ရှစ်ထောင်ကျပ်၊ အထက် တန်းကျောင်းသားတစ်ဦးလျှင် တစ်သောင်း ကျပ်နှုန်းဖြင့် ဆယ်လအတွက် လစဉ် ထောက်ပံ့မည်ဖြစ်ကြောင်း အထက်ပါရုံး ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးဝင်းနောင် က ပြောသည်။
ထောက်ပံ့ကြေးကို ဆင်းရဲနွမ်းပါး ပြီး မိဘနှစ်ဦးစလုံးမရှိသူ၊ ဖခင်မရှိသူ၊ မိခင်မရှိသူ၊ မိဘနှစ်ဦးစလုံးရှိသော်လည်း အမှန်တကယ် ဆင်းရဲချို့တဲ့သူ၊ အမှန် တကယ် ဆင်းရဲချို့တဲ့ပြီး စာတော်သူ စသည်ဖြင့် အဆင့်ငါးဆင့် ခွဲခြားသတ် မှတ်ပြီး ဦးစားပေးအလိုက် ရွေးချယ်မည် ဖြစ်သည်။

“အဓိကကတော့ ကျောင်းမနေနိုင် တဲ့ ကျောင်းသားတွေ အခြေခံပညာပြီး တဲ့အထိ ပညာသင်ကြားနိုင်အောင် ရည် ရွယ်ပြီးပေးတာပါ”ဟု ဦးဝင်းနောင်က ဆိုသည်။
လက်ရှိပညာရေးစနစ်သည် အခမဲ့ ပညာရေးဟုဆိုသော်လည်း ကျောင်းသား မိဘများတွင် ကျူရှင်လခများဖြင့် အပို ကုန်ကျမှုများ ရှိနေသဖြင့် ယင်းသို့ ထောက်ပံ့ ခြင်းက ဆင်းရဲချို့တဲ့သည့် ကျောင်းသား မိဘများအတွက် ပိုအဆင်ပြေလာမည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အင်းဝန်း ကျေးရွာမှ ကျောင်းသား မိဘတစ်ဦး ဖြစ်သူ ဒေါ်သန်းသန်းဆင့်ကပြောသည်။

“အဲလိုထောက်ပံ့ပေးမူတွေ မျှော် လင့်နေတာကြာပြီ။ ဒီလိုသတင်းကြား ရလို့ အရမ်းဝမ်းသာတယ်”ဟု ဒေါ်သန်း သန်းဆင့်က ဆိုသည်။
ပညာ သင်ထောက်ပံ့ပေးမည့် အစီ အစဉ်ကို လာမည့်ဩဂုတ်လတွင် စတင် နိုင်မည်ဟု ခန့်မှန်းထားပြီး ထောက်ပံ့ကြေး ပေးအပ်ရန် သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ပါဝင်သည့် ပညာသင်ထောက်ပံ့ကြေး ရွေးချယ်ရေးကော်မတီက ရွေးချယ်ပေးအပ် မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။