တနင်္သာရီတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်

0
496

တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ် ဇူလိုင်လ ၁၀ ရက်အထိ သွေး လွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင် ကျော်အထိ မြင့်တက်လာကြောင်း ပြည် သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ပြောသည်။
ယခုနှစ် မေလမှစကာ သွေးလွန် တုပ်ကွေးဖြစ်သူ အရေအတွက် မြင့်တက် လာခဲ့ပြီး ဇူလိုင်လ ၁၀ ရက်အထိ ၁၀၁၂ ဦး ဖြစ်ပွားခဲ့ပြီးဖြစ်ကာ လက်ရှိအချိန် တွင် ရပ်တန့်သွားသည့် အနေအထားရှိ ကြောင်း ဒေါက်တာ ဇော်မင်းထွန်းက သုံးသပ်သည်။
တိုင်းအတွင်း မြိတ်မြို့နယ်တွင် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ဘုတ်ပြင်းမြို့ နယ်တွင် ဖြစ်ပွားသူ အနည်းဆုံးဖြစ် ကြောင်း အထက်ပါဌာနမှတ်တမ်းအရ သိရသည်။

“သွေးလွန်တုပ်ကွေးဖြစ်တာတွေ ကျဆင်းဖို့အတွက် ပိုးလောက်လန်းနှိမ် နင်းရေးလုပ်ငန်းဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်တွေ ပုံမှန်လုပ်နေပါတယ်”ဟု ဒေါက်တာ ဇော်မင်းထွန်းက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါက ၂ နှစ် သို့မဟုတ် ၃ နှစ် တစ်ကြိမ် အဖြစ်များ လေ့ရှိပြီး ယခုနှစ်တွင် အဖြစ်များနိုင် သည်ဟု နှစ်အစောပိုင်းကပင် ကျန်းမာရေး ဝန်ထမ်းများက ခန့်မှန်းထား သည်။

ယခင်က မြို့ပေါ်တွင်သာ ဖြစ်ပွား မှုများပြီး လက်ရှိအချိန်တွင်မူ နယ်ဒေသ များတွင် ဖြစ်ပွားမှုများလာကြောင်း တိုင်းဒေသကြီး ငှက်ဖျားတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဇေယျာကျော်က ပြောသည်။
သွေးလွန်တုပ်ကွေးအဖြစ်များနိုင်သည့်အတွက် ပိုးလောက်လန်းနှင့် ခြင် နှိမ်နင်းရေးလုပ်ငန်းများကို လူထုလှုပ် ရှားမှုအသွင်ဖြင့် ခရိုင်အလိုက် လုပ်ဆောင် နေကြောင်း ဒေါက်တာ ဇေယျာကျော်က ဆိုသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၁၂၄၇ ဦး ဖြစ်ပွားခဲ့ပြီး အဖြစ်များဆုံးနှစ် ဖြစ်ခဲ့ သည်။
တနင်္သာရီတိုင်း ယခုနှစ် ဇန်နဝါရီ လမှ ဇူလိုင်လ ၁၀ ရက်နေ့အထိ သွေး လွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင် ကျော်တွင် ငါးဦးသေဆုံးခဲ့ပြီး ဖြစ်ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။
ယမန်နှစ်က ဇန်နဝါရီလမှ ဇွန်လ အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၄၇ ဦးသာရှိပြီး သေဆုံးသူ မရှိခဲ့ပေ။