သက်ကြီးအဘိုးအဘွားများ လူမှုရေးပင်စင် ရ မရ ကွင်းဆင်းစစ်ဆေးမည်

0
469

တိုင်းအတွင်း အသက် ၉၀နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွားများကို ထောက်ပံ့ပေးနေသည့် လူမှုရေးပင်စင် ရမရ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ ဦးစီး အရာရှိ ဒေါ်ခိုင်ခိုင်ဦးကပြောသည်။
ယင်းလူမှုရေးပင်စင်ထောက်ပံ့ရာ တွင် သက်ကြီးအဘိုးအဘွားများကို တိုက်ရိုက်ပေးအပ်ခြင်းမျိုးမဟုတ်ဘဲ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ဆင့် ပေးအပ်နေရသဖြင့် အမှန် တကယ် ရောက် မရောက် သိနိုင်ရန် အတွက် စစ်ဆေးခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။

ယင်းအပြင် လူမှုရေးပင်စင်ရရှိနေသည့်အဘိုးအဘွားများ အသက်မှန်ကန် မှုရှိမရှိ၊ အသက်ပြည့်သော်လည်း ပင်စင် ငွေရမရ စသည့်အချက်အလက်များကို လည်း စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အရင်က မရသေးတဲ့အဘိုးအဘွား တွေလည်းရလာမယ်”ဟု ဒေါ်ခိုင်ခိုင်ဦး က ဆိုသည်။
ယင်းသို့စစ်ဆေးရာတွင် လူမှုရေး ပင်စင်ရနေသည့် အဘိုးအဘွားအားလုံး ကို စစ်ဆေးမည်မဟုတ်ဘဲ အချို့ကိုသာ စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ကွင်းဆင်းစစ်ဆေးမည့်အချိန်ကို ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီးရုံးချုပ် ကထပ်မံညွှန်ကြားမည်ဖြစ်ပြီး ကွင်း ဆင်းစစ်ဆေးမှုကို လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များပူးပေါင်းစစ်ဆေးမည် ဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းရုံးထံမှ သိရသည်။