မြိတ်အဝေးပြေးကားဝင်း ATM စက်မှ ငွေခိုးယူရန် ကြံစည်

0
417

မြိတ်မြို့ ကုန်းဘောက်ရပ်ကွက် မြိတ်အဝေးပြေးကားဝင်းအသစ်အတွင်း ရှိ ATM ငွေထုတ်စက်မှ ငွေများအား ခိုးယူရန် ကြံစည်မှုတစ်ခု ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်။

အဝေးပြေးကားဝင်းအသစ်မှYou & Me စားသောက်ဆိုင် အောက်ထပ်ရှိ CB ဘဏ်၏ ATM ငွေထုတ်စက်မှ ငွေ များအား ခိုးယူရန် ကြံစည်ခဲ့သော်လည်း ငွေများ ပါသွားခြင်းမရှိကြောင်း မြို့မ ရဲစခန်းမှ သိရသည်။

“လွယ်မယ်ထင်ပြီး လုပ်လိုက်တာ လုပ်မပါတော့ ပြန်သွားတာ”ဟု မြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူး ချိုလွင်က ပြောသည်။
ATM စက်၏ အောက်ဘက်မှ မီး ခံသေတ္တာရဲ့အရှေ့ရှိ သံပြားဖြင့် ပြုလုပ် ထားသည့်အဖုံးအား ဆွဲဖွင့်ထားပြီး ပြန် လည်ဖုံးထားခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောပြသည်။

CB ဘဏ်၏ ATM စက်ရှိ ငွေများအား ခိုးယူရန်ကြံစည်မှုမှာ မှန်ကန် ပြီး စက်ထဲရှိ ငွေပမာဏနှင့် ငွေများပါ သွား ခြင်းရှိမရှိကို အတည်ပြုပြောဆို မရနိုင်ကြောင်းCB Bank(မြိတ်ရုံးခွဲ)မှ မန်နေဂျာ ဒေါ်စုမာက ပြောပြသည်။

အခင်းဖြစ်ပြီးနောက် စက်အား ဖွင့် ဖောက်ခဲ့ရာ ကျပ်သိန်းနှစ်ရာငါးဆယ်ကျော်ရှိနေသည့်အတွက် များပြားလှ သည့်ငွေပမာဏတစ်ခုဖြစ်ပြီး ယင်း အတွက် လုံခြုံရေးဝန်ထမ်းထားသင့် ကြောင်း မြို့မရဲစခန်း စခန်းမှူးက ပြော ပြသည်။
အဆိုပါ ATM စက်ရှိ ငွေများအား ခိုးယူရန် ကြံစည်သူအား ဖမ်းမမိသေး ချေ။