ကော့သောင်းမြို့ပေါ်ရှိ မူလွန်ကျောင်းအုပ်တစ်ဦး တိုင်ကြားခံရ

0
425

ကော့သောင်းမြို့ပေါ် ရပ်ကွက် တစ်ခုရှိ မူလတန်းလွန်ကျောင်း ကျောင်း အုပ်တစ်ဦးမှာ အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံထားရသည်။
ယင်းမြို့ ရွှေပြည်သာရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းအုပ်ဆရာမကြီး ကို အဂတိလိုက်စားမှုဖြင့် ကျောင်းသား မိဘများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဇွန်လက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားထားသည့် ကျောင်းသားမိဘ များထံမှ သိရသည်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီး သည် ကျောင်းထွက်လက်မှတ်အတွက် ငွေကြေးတောင်းခံခြင်း၊ ကျုရှင်သင်ကြား ရန် ဖိအားပေးခြင်းများ ပြုလုပ်နေသည် ဟုဆိုကာ ကျောင်းသားမိဘ ၇ ဦးက အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျောင်းသားမိဘများ က ဆိုသည်။

“ကျွန်မကလေးကို ဆရာမကြီးဆီ မှာ ကျူရှင်ထားဖို့ ပြောတယ်။ တခြား နေရာမှာ ကျူရှင်ထားရင် စာမေးပွဲအောင် တာ ရှုံးတာနဲ့ပတ်သက်ပြီး တာဝန်မယူ ဘူးဆိုပြီး ရုံးခန်းကို ခေါ်ပြောပါတယ်”ဟု တိုင်ကြားထားသည့် ကျောင်းသား မိဘများအနက် တစ်ဦးဖြစ်သူ ဒေါ်ဝါဝါစိုး က ဆိုသည်။
“ကျွန်မတူမလေး ကျောင်းထွက် လက်မှတ်ရဖို့အတွက် ဘတ်သုံးထောင် ပေးခဲ့ရပါတယ်။ တိုင်ထားတယ်ဆိုတာ သိမှ အလှူငွေဖြစ်ကြောင်း လက်မှတ် လာထိုးခိုင်းပါသေးတယ်။ မထိုးပေးခဲ့ ပါဘူး”ဟု အခြားကျောင်းသားမိဘတစ် ဦးဖြစ်သည့် ဒေါ်စုစုလိုင်က ဆိုသည်။

ထိုင်းဘတ်သုံးထောင်မှာ မြန်မာ ငွေ ကျပ် ၁၂၀၀၀၀ ကျော်နှင့် ညီမျှသည်။
ကျောင်းအုပ်ဆရာမကြီးနှင့်ပတ် သက်၍ ကျောင်းသားမိဘများ တိုင်ကြား လာသည့်အပေါ် မြို့နယ်ပညာရေးမှူးရုံး သို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တင်ပြထားကြောင်း ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ဆိုသည်။
ကျောင်းအုပ်ဆရာမကြီးကို တိုင် ကြားထားသည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ကျောင်းသားမိဘများ ဇူလိုင် ၁၂ ရက်က တွေ့ဆုံခဲ့သည်။
“ကျွန်မ ဒီကျောင်းမှာ လုပ်လာတာ ၁၆ နှစ်ရှိပါပြီ။ ကျူရှင်သင်လို့ မရပါဘူး ကျူရှင် မသင်ရဘူး ဆိုတာလည်း ကြေ ညာထားပါတယ်။ အခုတိုင်ထားတာ တွေနဲ့ ပတ်သက်ပြီး ကျူးလွန်ဖူးတာ ဘာတစ်ခု မှမရှိပါဘူး”ဟု တိုင်ကြားခံ ရသည့် ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

“အရမ်းကိုစိတ်မကောင်းဖြစ်ရ တယ်။ လူမှုရေးအရ စေတနာနှင့် ဂုဏ် သိက္ခာကို စော်ကားခံလိုက်ရတယ်”
အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေခြင်းဖြစ်ပြီး ယခု အချိန်တွင် ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကော့သောင်းမြို့နယ် ပညာရေးမှူး ဦးမျိုးလွင်က ဆိုသည်။

ရွှေပြည်သာ မူလတန်းလွန်ကျောင်း တွင် KG အတန်းမှ သတ္တမတန်းအထိ ကျောင်းသား ၅၀၀ ဦးခန့် ပညာသင်ကြား လျှက်ရှိကြောင်း အဆိုပါကျောင်းထံမှ သိရသည်။