ကုန်ပစ္စည်းများတွင် သုံးစွဲရန်အညွှန်းကို မြန်မာဘာသာဖြင့် မဖော်ပြက အရေးယူမည်

0
415

ကုန်ပစ္စည်းများတွင် သုံးစွဲရန် အညွှန်း၊ ပါဝင်ပစ္စည်းများကို မြန်မာဘာ သာဖြင့် ဖော်ပြခြင်းမရှိပါက အရေးယူ တော့မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။
စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော် ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးမည့် ရက်စွဲများကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ဦးဝင်းထွန်းက ဆိုသည်။

လက်ရှိတွင် စားသုံးသူကာကွယ် ရေး ဗဟိုကော်မတီက အမိန့်ကြော်ငြာစာ ကို တစ်လအတွင်းထုတ်ပြန်မည်ဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြီး ၆ လပြည့်ပါ က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“တိုင်းထဲက လုပ်ငန်းရှင်တွေကို စားသုံးသူအသိပညာပေးတဲ့ပွဲတွေမှာ ကြိုတင်အသိပေးသွားမယ်” ဟု ဦးဝင်းထွန်းက ဆိုသည်။
တိုင်းအတွင်း ဈေးကွက်ရှိ ကုန် ပစ္စည်းအများစုတွင် သုံးစွဲရန်အညွှန်း၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်များ ဖော်ပြ ထားခြင်းမရှိသကဲ့သို့ မြန်မာဘာသာဖြင့် ရေးသားထားခြင်းမရှိပေ။

ယင်းကဲ့သို့ ထည့်သွင်းပါက ဓာတ် မြေဩဇာသုံးစွဲသည့် တောင်သူများ အတွက်ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ် အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
“မြန်မာစာ အညွှန်းတောင် မဖတ် တတ်တဲ့သူတွေ အများကြီးပါ”ဟု အဆို ပါ အမျိုးသားက ပြောသည်။
ကုန်ပစ္စည်းများတွင် အမည်၊ အရွယ်အစား၊ အသားတင်အလေးချိန်၊ သုံးစွဲရန်အညွှန်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ထုတ် လုပ်သည့်ကုမ္ပဏီအမည်နှင့် လိပ်စာ၊ ထုတ်လုပ်ရက်စွဲ အစရှိသည့်အချက်များ ကို ဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူ အကာအကွယ်ပေးရေးဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။

ယင်းအချက်များကို ဖောက်ဖျက် ပါက အနိမ့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သတိ ပေးခြင်းမှစ၍ လုပ်ငန်းလိုင်စင် အမြဲ တမ်း ပိတ်သိမ်းသည်အထိ အရေးယူနိုင် ကြောင်း အထက်ပါဥပဒေတွင် ဖော်ပြ ထားသည်။