ခနောက်စိမ်းစက်ရုံ အနံ့ဆိုး ထိန်းချုပ်ရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြားထား

0
542

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စုရှိ မော်လမြိုင် စက်မှုဇုန်တွင် ကျောက်မီး သွေးဖြင့် စမ်းသပ် လည်ပတ်နေသည့် ခနောက်စိမ်း သတ္တုကြိတ်ခွဲသန့်စင် စက်ရုံများမှ အနံ့ ဆိုးများ ထွက်နေခြင်းကို ထိန်းချုပ်ရန် ညွှန်ကြားထားကြောင်း ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
ဇူလိုင်လ ၁၀ ရက်နေ့ ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲတွင် ခနောက်စိမ်းစက်ရုံတို့မှ အနံ့ဆိုး ထွက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ ကိုင်တွယ် ဆောင်ရွက် ထားမှု အခြေအနေအပေါ် ဝန်ကြီးက ထိုကဲ့သို့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ဒီအနံ့အသက်သည် ဘယ်စက်ရုံ ကထွက်ပြီး ဘာအနံ့အသက်ဖြစ်နိုင် မလဲဆိုတာ ကျွန်တော်တို့ ဆန်းစစ်ပါတယ်။ ကျွန်တော်တို့ တိုင်းတာရရှိတဲ့ အချက် အလက်အရဆိုလို့ရှိရင် ဆာလဖာဒိုင် အောက်ဆိုဒ်ထွက်ရှိမှုက မြင့်တက်နေတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ စက်ရုံက ထွက်လာတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် တွေကို လျှော့ချနိုင်ရေးအတွက် စက်ရုံ မှာ လေထုညစ်ညမ်းမှုကို လျှော့ချတဲ့ ထိန်းချုပ်တဲ့ စက်ကြိယာတပ်ဆင်ဖို့ ညွှန်ကြားထားတယ်”ဟု ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ လုပ်ထုံးလုပ်နည်းအရ စက်ရုံတစ်ရုံတွင် သတ်မှတ် စံချိန်စံနှုန်း ထက် ပိုနေမည်ဆိုပါက (၁) အချက် ထိန်းချုပ်ရန်၊ (၂) အချက် လျှော့ချရန်၊ (၃) အချက် ပပျောက်ရန် လုပ်ဆောင် ရမည်ဖြစ်ပြီး အဆိုပါအချက် ၃ ချက်ကို စက်ရုံဘက်က မလိုက်နာပါက လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဟု ၎င်းက ပြောသည်။

၎င်းပြင် စက်ရုံ မီးခိုးခေါင်းတိုင် များကိုလည်း ထပ်မြှင့်ရန်၊ တတိယအဖွဲ့ အစည်းဖြင့် ပတ်ဝန်းကျင် ဒေသခံတို့ကို ပွင့်လင်းစွာ ချပြရန်နှင့်EIA SIA EMP စီမံချက်များပါအတိုင်း လိုက်နာ ဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထား သည်။
စမ်းသပ်လည်ပတ်နေသည့် ခနောက် စိမ်း သတ္တုကြိတ်ခွဲ သန့်စင် စက်ရုံတို့မှ အနံ့ဆိုးများထွက်နေခြင်းကို ဖြေရှင်း ပေးရန်နှင့် စက်ရုံကို ပိတ်ပေးရန် ဒေသခံ တို့က ပြည်နယ်အစိုးရထံ တင်ပြထောင်း ဆိုထားမှုလည်း ရှိနေသည်။