လောင်းလုံးဘုတ်ကျွန်း ပွင့်လင်းရာသီ လည်ပတ်နိုင်မည်

0
596

ထားဝယ်ဒေသရှိ လောင်းလုံးဘုတ် ကျွန်းပေါ်ရှိ ကမ်းခြေနှစ်ခုကို ပွင့်လင်း ရာသီအမီ လည်ပတ်ခွင့် ရတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။
လွန်ခဲ့သော နှစ်ပိုင်းက ခရီးသွား များ စိတ်ဝင်စားခဲ့သော လောင်းလုံးဘုတ် ကျွန်းသည် တပ်မတော်၏ စီမံမှုအောက် တွင် ရှိသည်ဟုဆိုကာ ခရီးသွားလည် ပတ်ခွင့် လုံးဝပိတ်ပင်ခဲ့သည်။
လောင်းလုံးဘုတ်ကျွန်းရှိ လိပ်သောင် ကြီးကမ်းခြေနှင့် အုန်းပင်ကမ်းခြေတို့ကို နေ့ချင်းပြန် လည်ပတ်နိုင်မည်ဖြစ်ပြီး ဟိုတယ်/ ခရီးဌာနက စည်းကမ်းချက်များ ထုတ်ပြန်ပြီးပါက စတင်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်မောင်က ဆိုသည်။
ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် အတွက် ဘုတ်ကျွန်းရှိ ယင်းကမ်းခြေနှစ်ခု ကို ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည် စွန့်လွှတ်ပေးရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာ လက သမ္မတရုံးကို တင်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက အဆို ပါ ကမ်းခြေနှစ်ခုကို စွန့်လွှတ်ပေးနိုင်ခြင်း မရှိသော်လည်း နေ့ချင်းပြန်လည်ပတ်ရန် ခွင့်ပြုကြောင်း ၂၀၁၈ ခုနှစ် ဇွန်လအတွင်း က နိုင်ငံတော်သမ္မတရုံးထံ အကြောင်း ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီး ရင် ခွင့်ပြုနိုင်ပြီ”ဟု ဝန်ကြီး ဦးမြင့်မောင် က ပြောသည်။
၂၀၁၅ ခုနှစ်နှောင်းပိုင်းမှစကာ လောင်းလုံး ဘုတ်ကျွန်း ရေအောက်တွင် ရှိသည့် သန္တာကျောက်တန်းအလှများကို စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပခရီး သွားအများအပြား လာရောက်လည်ပတ် ခဲ့ကြသည်။
လောင်းလုံးဘုတ်ကျွန်းသို့ သွား လာလည်ပတ်မှု မြင့်တက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် အဆိုပါကျွန်းကို လုံ ခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီး သွားလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြု ရန် ထုတ်ပြန်ခဲ့သည်။

ဘုတ်ကျွန်းသို့ သွားရောက်လည် ပတ်မည်ဆိုပါက လှေများ စမ်းလှမ်းရွာမှ သာ ထွက်ခွာရမည်ဖြစ်ပြီး သွားလာမှုကို ကြီးကြပ်နိုင်ရန် အဆိုပါရွာတွင် ဟိုတယ် ^ ခရီးဝန်ထမ်းတစ်ဦးကို တာဝန်ချထား မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှူး ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခင်က ကျွန်းသို့ သွားရောက်စဉ် က ဒေသခံသစ်သားငါးဖမ်းလှေများဖြင့် သွားရောက်လည်ပတ်နေကြရာမှ ယခု သွားခွင့်ပြုချိန်တွင်မူ လူဦးရေ ၃၀ ကျော် စီးနင်းနိုင်သည့် ရေယာဉ်ဖြင့်သာ သွားခွင့်ပြုမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
“စက်တင်ဘာလလောက်ဆိုရင် တော့ စည်းမျဉ်းစည်းကမ်းတွေကို နောက် ဆုံးထုတ်ပြန်ပေးမှာပေါ့”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာလမှ ဧပြီလအထိကို ခရီးသွားကာလအဖြစ် သတ်မှတ်ထား ကြောင်း အထက်ပါရုံးထံမှ သိရသည်။
စမ်းလှမ်းရွာမှ လောင်းလုံးဘုတ် ကျွန်းအထိ ရေမိုင် ၁၀ မိုင်နီးပါး အကွာ အဝေးရှိသည်။

လောင်းလုံးဘုတ်ကျွန်းသို့ လည် ပတ်ခွင့်ပြုမည်ဆိုပါက ထားဝယ်ဒေသ အတွင်း ခရီးသည်ဝင်ရောက်မှု မြင့်တက် လာနိုင်သည့်အတွက် ကြိုဆိုကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။
“စပိဘုတ်တွေနဲ့မှ သွားခွင့်ပြုမယ့် အစား ဒေသခံတွေ အဆင်ပြေအောင် ခရီးသည်တင်နိုင်တဲ့ သစ်သားလှေတွေ ကိုလည်း ခွင့်ပြုသင့်တယ်”ဟု ဒေါ်မိုးမိုးသူ က ပြောသည်။
လောင်းလုံးဘုတ်ကျွန်းအား ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မောရ၀တီရေတပ်စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။