သီရိမြိုင်ရပ်ကွက် ကျောက်စီ မြေထိန်းနံရံ အချိန်မီ ပြင်ပေးစေလို

0
495

ကော့သောင်းမြို့နယ်တွင် ယခုနှစ် မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် သီရိမြိုင်ရပ်ကွက် ရှိ ကျောက်စီ မြေထိန်းနံရံများ ပြိုကျ ပျက်စီးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၁၁ရက်က မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ ခန်းမတွင် ပြုလုပ်ခဲ့သည့် မြို့နယ်အတွင်း လမ်းတံတား အဆောက်အအုံလုပ်ငန်း များနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ပွဲတွင် သီရိမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မာမာဆွေက ပြောဆိုခဲ့ခြင်းဖြစ် သည်။

မိုးရေတိုက်စားခြင်း၊ ပင်လယ်လှိုင်း ပုတ်ခတ်ခြင်းများကြောင့် မြေထိန်းနံရံ အဖြစ် ကာရန်ထားသည့် ကျောက်ခြင်း များ လျော့ရဲလာပြီး ပျက်စီးလာသည့် အတွက် အခြေအနေမဆိုးမီ တာဝန်ရှိသူ များက အချိန်မီပြင်ဆင်ပေးစေလိုကြောင်း ၎င်းက ပြောသည်။
ပင်လယ်ရေတက်ချိန်နှင့် မိုးရာသီ တွင် ရပ်ကွက်အတွင်း ရေမဝင်စေရန် အတွက် အဆိုပါကျောက်စီ မြေထိန်းနံရံ ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လမ်းတံတားဦးစီး ဌာနမှ သိရသည်။

ယင်းမြေထိန်းကျောက်စီနံရံမှာ အရှည် ၁၆၉၉ပေ ရှိပြီး ကျောက်ခြင်းများ မှာ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးရခြင်းဖြစ်သည်ဟု အထက်ပါ ဌာန တာဝန်ရှိသူက ပြောသည်။ တည် ဆောက်ရေးကာလသာရှိသေးပြီး ထပ်ချဲ့ ရန် ရှိသောကြောင့် အခိုင်အမာမလုပ်ရ သေးခြင်းဖြစ်ကြောင်း အထက်ပါတာဝန် ရှိသူက ပြောသည်။

“ထပ်ချဲ့ဖို့ အစီအစဉ် မရှိတော့ဘူး ဆိုရင်၊ အခုလိုရေတိုက်စားမူကြောင့် ပြိုကျမှုမဖြစ်အောင် အခိုင်အမာ တည် ဆောက်ရမှာပါ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကျောက်စီမြေထိန်းနံရံကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ်သန်း ပေါင်း ၁၂၇၀ ခန့်ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့သည်။