အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ ခွဲ ပြည်နယ်နှင့်တိုင်းများတွင် ဖွဲ့မည်

0
447

ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်း ရန်အတွက် စီမံချက် ရေးဆွဲနေကြောင်း ပြည်ထောင်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်က ပြောသည်။
ပေါ်ပေါက်လာမည့် ပြည်နယ်/ တိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်များအား မည်သို့ သော လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၍ မည်သည့် လုပ်ပိုင်ခွင့်များ ပေးမည်ကို စီမံချက်ရေးဆွဲဆဲကာလတွင် ထုတ်ပြန် မပြောဆိုနိုင်သေးဟု ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်က ဆိုသည်။
“ရုံးလုပ်ငန်းဆိုတော့ လျှို့ဝှက်ချက် တွေ ဖြစ်နေလို့။ လောလောဆယ်တော့ မြို့ကြီးတွေကို ဦးစားပေး(ဖွဲ့)ဖို့ အစီ အစဉ်ရှိတယ်၊ ဥပမာ ရန်ကုန်၊ မန္တလေး ပေါ့ဗျာ”ဟု ဦးဟန်ညွန့်က ပြောသည်။

ပေါ်ပေါက်လာမည့် ပြည်နယ်။တိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်များတွင် အတွေ့ အကြုံရင့်ကျက်ပြီးသည့် အငြိမ်းစား အမှု ထမ်းများ ပါဝင်လာမည်ဟု မျှော်လင့် ကြောင်း ရန်ကုန်တိုင်း တရားသူကြီး ဟောင်း တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောသည်။
ယင်းကော်မရှင်အား တရားစွဲဆိုနိုင် သည့်အဆင့်ထိ လုပ်ပိုင်ခွင့်ပေးသင့် ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။
“တိုင်းနဲ့ပြည်နယ်တွေ ဖွဲ့လိုက် တော့ ဗဟိုကော်မရှင်ကိုယ်စား လုပ်ပေး နိုင်တာပေါ့နော်၊ ခြေတွေလက်တွေ များ လာသလိုပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိ ပြည်ထောင်စု အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ အဖွဲ့ဝင် ၁၂ ဦးနှင့်သာ လုပ်ဆောင်နေရ သဖြင့် လုပ်ငန်းများ မတွင်ကျယ်ဖြစ်နေ သည်ဟု ဦးမောင်မောင်ဝင်းက သုံးသပ် သည်။

ပြည်ထောင်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၈ မေ လကုန်ထိ ခြောက်လအတွင်း ပြည်နယ် နှင့်တိုင်းအသီးသီးမှ တိုင်ကြားစာပေါင်း သုံးထောင်ကျော် ရောက်ရှိခဲ့ရာ တိုင်စာ ၉၁၄ စောင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များထံ လွှဲပြောင်းပေး ထားကြောင်း ကော်မရှင်၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။
တိုင်စာ နှစ်ထောင်ကျော်ကိုမူ အရေးယူဆောင်ရွက်ရန် မရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
ပြည်ထောင်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ မေလကုန်ထိ ၆ လအတွင်း တနင်္သာရီတိုင်းမှ တိုင်ကြား စာ ၃၇ စောင် ရောက်ရှိခဲ့ကြောင်း ကော်မရှင်မှ ထုတ်ပြန်ထားသည်။

ဖွဲ့စည်းရန်ရှိသော ပြည်နယ်/တိုင်း ဒေသကြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်များကို အောက်ခြေမြေ ပြင်တွင် ကျွမ်းကျင်နှံ့စပ်သည့်ပုဂ္ဂိုလ် များ၊ ဒေသအကျိုးအတွက်၊ အမှန်တရား အတွက် မကြောက်မရွံ့ လုပ်ကိုင်နေ သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသင့် ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားစာပေးပို့ဖူးသည့် ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာမှ ဦးလေးလွင်က ပြောသည်။
“ဝန်ထမ်းတွေနဲ့ဖွဲ့တာမျိုးတော့ မကြိုက်ဘူး၊ ဝန်ထမ်းတွေက နောက်မှာပဲ နေသင့်တယ်၊ သူတို့က မျက်နှာအပျက် မခံဘူးလေ” ဟု ဦးလေးလွင်က ပြော သည်။
ပြည်နယ်နှင့်တိုင်ကော်မရှင် အဖွဲ့ခွဲ များ ဖွဲ့စည်းရန်အတွက်ရေးဆွဲနေသော စီမံချက် ပြီးစီးမည့် အချိန်ကို ကော်မရှင် ၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ဖြေကြားရန် ငြင်းဆန် ခဲ့သည်။