မုတ္တီးမြို့ဟောင်းမှ သမိုင်းရတနာများ

0
517

ထားဝယ်တက်ကြွလူငယ်အဖွဲ့က ကိုဝေဖြိုး ဖုန်းဆက်လာပါတယ်။ အချိန် အတိအကျဆိုရင်တော့ မေလ ၂၀ ရက် ညနေပိုင်း၊ ၂၀၁၈ ခုနှစ်ပေါ့။ မုတ္တီးမြို့ ဟောင်းမှာ မြေတူးရင်း အုတ်ခွက်ဘုရား တွေတွေ့လို့ သွားနေကြောင်း၊ လိုက်ခဲ့ စေချင်ကြောင်း ပြောပါတယ်။ ကျွန်တော် ကလည်း မိသားစုနဲ့အတူ ခရီးသွားရင်း ဖြစ်နေတယ်။ ရုတ်တရက်လိုက်လို့မရ ဖြစ်နေတယ်။ ဒါနဲ့ပဲ သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရနဲ့ လွှတ်တော်က တာဝန် ရှိသူတွေကို ဖုန်းနဲ့ဆက်ပြီး အကြောင်း ကြားကာ အကူအညီတောင်းခဲ့ရတယ်။

နောက်နေ့ မနက်(၇)နာရီလောက် မှာတော့ ကိုဝေဖြိုးခေါ်ပြီး မုတ္တီးဘက် ထွက်ခဲ့လိုက်တယ်။ လက်ဖက်ရည်ဆိုင် ဝင်ထိုင်ရင်း ရွာကလူငယ်တွေ ရောက် လာတယ်။ ဒါနဲ့ အုတ်ခွက်ဘုရားတွေ ထွက်တဲ့နေရာကို သွားခဲ့တယ်။ ဒေသ အခေါ် မုတ္တီးကျေးရွာ အနောက်ပိုင်းတော ပြန်ရပ်လို့ ပြောတယ်။ အနောက်ဘက် မြို့ရိုးနဲ့ကပ်ပြီး ရှိနေတဲ့နေရာဖြစ်ပါ တယ်။ ဥယျာဉ်ခြံဖြစ်ပြီး အဆောက်အ အုံဆောက်ဖို့ မြေညှိတာလို့ ပြောပါတယ်။ မြေကုန်းကို ဘူဒိုဇာနဲ့ထိုးလိုက်လို့ အုတ် ချပ်တွေလည်း ပြန့်ကျဲနေပါတယ်။အုတ် ခွက်ဘုရားတွေထွက်တဲ့နေရာကို လေ့ လာပြီး လက်ခံသိမ်းဆည်းထားတဲ့ ရှင် မုတ္တီးတိုက်ကျောင်းဘက် ထွက်လာခဲ့ တယ်။ ဆရာတော်ကတော့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကတည်းက ရင်းနှီးတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာ တော်ကိုဦးချပြီး သာကြောင်းမာကြောင်း လျှောက်တယ်။ ဆရာတော်ရဲ့ ခွင့်ပြုချက် အရ သိမ်းထားတဲ့ အုတ်ခွက်ဘုရားတွေကို လေ့လာရင်း မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ တယ်။

အုတ်ခွက်ဘုရားက အကောင်းရော၊ တစ်ဝက်ကော၊ အပိုင်းအစတွေကော ၅၀ လောက် ရှိပါတယ်။ အချို့လည်း ဟို ရောက်ဒီရောက် ရောက်သွားတယ်လို့ ကြားရတယ်။ ဆရာတော်ကတော့ ရ သလောက်တော့ သိမ်းထားတယ်လို့ မိန့် ပါတယ်။ အခုထွက်လာတဲ့ အုတ်ခွက် ဘုရားတွေကို လေ့လာမိသလောက် အ ဓိက ပုံစံတူ၊ အရွယ်တူ၊ လက်ရာတူတာ ၂ မျိုးတွေ့ပါတယ်။

အလွယ်ပြောရရင် အကြီးနဲ့အသေး ၂ မျိုး ရှိပါတယ်။ အကြီးကတော့ အလျား ၇လက်မနဲ့အနံ ၅လက်မခွဲလောက် ရှိပါတယ်။ အုတ်ခွက်ရဲ့ အလယ်မှာ ပလ္လင်၊တံကဲပါတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိတယ်။ ဒီရုပ်ပွားတော်အောက်မှာ ဗုဒ္ဓ ရုပ်ပွါးတော် အသေး ၅ ဆူ ရှိပါတယ်။ ဘယ်နဲ့ညာမှာ ဗုဒ္ဓရုပ်ပွားတော်အသေး၂ ဆူ စီရံထားပါတယ်။ ပြီးတော့ စေတီ ငယ်လေးတွေ ၃ ဆူစီလည်း ရန်ထားပါ သေးတယ်။ အလယ်က ဗုဒ္ဓရုပ်ပွါးတော် အကြီးရဲ့အထက်မှာ စေတီ ၁ ဆူ ရှိနေပါ တယ်။ ဒီအုတ်ခွက်ဘုရားဟာ နှစ်ထပ်ပုံစံ မျိုး ဖြစ်ပါတယ်။

ဒီအုတ်ခွက်ဘုရားအကြောင်းကို လိုက်ရှာကြည့်တော့ ၁၉၆၁ခုနှစ်ထုတ် ဆရာကြီးဦးမြရေးတဲ့ ရှေးဟောင်းအုတ် ခွက်ရုပ်ပွားတော် ဆင်းတုတော်များ (ပထမတွဲ)မှာ တွေ့ရပါတယ်။ ဆရာကြီး ဦးမြစာအုပ်ရှိ အုတ်ခွက်အမှတ်၁၁နှင့် အမှတ် ၆၈ ရှိ အနော်ရထာမင်းကြီးရဲ့ အုတ်ခွက်လို့ ဖော်ပြထားတဲ့ အုတ်ခွက် တွေနဲ့ ပုံစံတူနီးပါးတွေ့ရပါတယ်။
အုတ်ခွက်အမှတ်(၁၁)မှာတော့ ဘေးအနားမပါဘဲ ဗိန္ဓုလို့ခေါ်တဲ့ စက် လေးတွေနဲ့ အနားသတ်ထားပါတယ်။ အုတ်ခွက် အမှတ် ၆၈ မှာတော့ အနား ၁ ထပ်ပါပါတယ်။ မုတ္တီးမှာတော့ အနား ၂ ထပ် ဖြစ်ပါတယ်။ အုတ်ခွက်အမှတ် ၆၈ ရဲ့ နောက်ကျောဘက်မှာ စာပါ တယ်လို့ တွေ့ရပါတယ်။ မုတ္တီးမှာ အခု တွေ့တဲ့ အုတ်ခွက်တွေရဲ့ နောက်ဘက် မှာတော့ စာမတွေ့ရပါ။ သေချာပြန်စစ်ဖို့ လိုပါမယ်။

ပုံစံတူတိုက်ဆိုင်စစ်ဆေးချက်အရ အခုမုတ္တီးမှာတွေ့ရတဲ့ အုတ်ခွက်အကြီး ဟာ ဆရာကြီးဦးမြသတ်မှတ်ချက်အရ အနော်ရထာမင်းကြီးရဲ့ အုတ်ခွက်တွေနဲ့ ပုံစံတူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ အုတ်ခွက်တွေကို အနော်ရထာခေတ်လို့ ယာယီသတ်မှတ်နိုင်ပါမယ်။ အနော်ရ ထာမင်းကြီးက အေဒီ ( ၁၀၄၄-၁၀၇၇)လို့ အများစုက သတ်မှတ်ကြတဲ့အတွက် ဒီအုတ်ခွက်ဘုရားတွေဟာ နှစ်ပေါင်း တစ်ထောင်လောက် ရှိပါတယ်။
ဒုတိယအမျိုးအစားဖြစ်တဲ့ အုတ် ခွက်ဘုရားအသေးတွေကတော့ အရှည် ၄ လက်ခွဲ အနံအောင်ခြေမှာ (၃)လက်မရှိပါတယ်။ ပလ္လင်၊ တံကဲနဲ့ ဗုဒ္ဓရုပ် ပွားတော်တစ်ဆူကို အလယ်မှာ တွေ့ရပါ တယ်။ ဘေးဘက်ဘယ်ညာမှာ စေတီငယ် လေး ၃ ဆူ စီရံထားပါတယ်။ အလယ်က ဗုဒ္ဓရုပ်ပွားတော်ရဲ့ အထက်မှာတော့ ထီး တစ်စင်းရှိပြီး ထီးရဲ့ဘေးဘယ်ညာမှာ ခရုသင်းလို့ ထင်ရတဲ့အရာ ၁ ခုစီ ရှိပါ တယ်။

ဆရာကြီးဦးမြရဲ့စာအုပ်ပါ အုတ် ခွက်အမှတ် ၇၃ – သာစည်မြို့နယ် ဆံမြိတ်ရှည်ရွာမှရရှိသော အုတ်ခွက်၊ အုတ် ခွက်အမှတ် ၇၉ – ထားဝယ်မြို့ ဦးကျော်မင်းထံမှ တွေ့ရှိရသော အုတ်ခွက် ဆင်းတုတော်လို့ ဖော်ပြထားသည်၊ တို့ နှင့် တူပါတယ်။ အုတ်ခွက်အမှတ် ၇၉ရဲ့ နောက်ကျောမှာ စာပါပါတယ်။ အုတ်ခွက် အမှတ် ၇၃ ကိုတော့ ပုဂံခေတ်အုတ်ခွက် လို့ ယာယီသတ်မှတ်နိုင်ပြီး အုတ်ခွက် အမှတ် ၇၉ ကိုတော့ အနော်ရထာ-ကျန် စစ်သားမင်းတို့ခေတ်လောက်က အနေ အထားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အခုတွေ့ရတဲ့ အုတ်ခွက်ဘုရား အသေးမျိုးတွေကိုတော့ ယာယီသက် တမ်းတွက်ရရင် နှစ်ပေါင်း ၉၀၀နဲ့၁၀၀၀ ကြားရှိမှာဖြစ်ပါတယ်။

မုတ္တီးကျေးရွာမှာ အုတ်ခွက်ဘုရား တွေကို ဟိုမှာဒီမှာဆိုသလို တွေ့ရတတ် ပါတယ်။ မြို့ဟောင်းတွေ၊ နေရာဟောင်း တွေကြားမှာ မုတ္တီးရွာမှာ အုတ်ခွက်ဘုရား အများဆုံး တွေ့ရရပါတယ်။ အထင်ရှား ဆုံးမှတ်တမ်းတစ်ခုကတော့ အင်္ဂလိပ် ခေတ် ၁၉၂၄ခု မှာ အုတ်ခွက်ဘုရား ၃၀၀ လောက် တွေ့ရှိခဲ့တာပါ။ ဒီအုတ် ခွက် ၃၀၀ လောက်ထဲက ၈ ခုကို အဲဒီ တုန်းက မန္တလေးရှေးဟောင်းကမ္ပည်း ကျောက်စာ ဌာနကို ပို့ခဲ့ပါတယ်။
အဲဒီပို့လိုက်တဲ့ အုတ်ခွက်ဘုရား ၈ခုထဲက ၃ ခုရယ်၊ ဆရာကြီးထားဝယ် ကျော်မင်းဆီက အုတ်ခွက်ဘုရား၁ဆူ ရယ် စုစုပေါင်းအုတ်ခွက် ၄ ခုရဲ့ နောက် ကျောမှာ မွန်လိုရေးသားထားတဲ့ စာတွေ တွေ့ရတယ်လို့ တွေ့ရပါတယ်။ ဒီစာတွေ ကို ဘာသာပြန်တဲ့အခါ ထားဝယ်မြို့ကို အုပ်ထိန်းရသော သဗ္ဗင်အနန္တဇေယျဘိ ကြာန်၊ ကလန်ပွောင်၊ သံဗျင်ယိခီဆိုပြီး တွေ့ရပါတယ်။ ယနေ့ ထားဝယ်ကို မွန် လို ဒဝါယ်လို့ သမိုင်းမှတ်တမ်းများအရ ဒေသတွင်းအစောဆုံး ဖြစ်ပါတယ်။ မွန် လိုရေးထားလို့ မွန်တွေပါလို့ပြောရင်တော့ ကျန်စစ်သားမင်းကြီးကို Dဗြ စစ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မုတ္တီးမှာတွေ့တဲ့ အုတ်ခွက်ဘုရားတွေဟာ ထားဝယ်ဒေသ အတွက် အလွန်အရေးကြီးသလို မြန်မာ့ သမိုင်းအတွက် အရေးပါလှပါတယ်။

မုတ္တီးမြို့ဟောင်းသမိုင်းကိုလေ့လာ တဲ့ အခါ ထားဝယ်သမိုင်းမှတ်တမ်းတွေထဲ မှာဖော်ပြထားတာ အလွန်နည်းပါတယ်။ လာရောက်လေ့လာတဲ့ နိုင်ငံခြားပညာရှင် တွေ၊ ဒေသတွင်းပညာရှင်တွေကလည်း စိတ်ဝင်စားမှု အလွန်နည်းပါတယ်။ စိတ် မကောင်းစရာပါ။ ထားဝယ်သမိုင်းတွေ အရ မုတ္တီးမြို့ဟောင်းကို အင်းဝက ဘုရင် မင်းခေါင်ရဲ့သား မင်းတရားအကြောင်း လောက်ပဲ ပြောပါတယ်။ နောက်ကျန်းမာ ရေးကောင်းသွားတဲ့အခါ စောပညာနဲ့ လိုက်သွားတယ်လို့ ပြောတာတွေ့ရပါ တယ်။ ဒီလောက်ပါပဲ။
ဒီလိုသမိုင်းမှတ်တမ်းတွေမှာ ဖော်ပြ ထားတာ အလွန်နည်းရတဲ့အကြောင်းအ ရင်း ၂ ခု ရှိနိုင်ပါတယ်။
(၁) ဒီမြို့အကြောင်း မသိတာပါ။ ရှေးသိပ်ကျလွန်းလို့ မသိတာဖြစ်နိုင်သလို စစ်ကြောင့်၊ သဘာဝဘေးကြောင့်၊ ရန် သူ(၅)ပါးကြောင့် မှတ်တမ်းတွေ ပျက်စီး သွားတာလည်း ဖြစ်နိုင်ပါတယ်။

(၂)က ရန်သူမြို့၊ ဒါမှမဟုတ် ပြော ဆိုဖို့ တားမြစ်ခံထားရတဲ့ မြို့ဖြစ်လို့ပါ။
လေယာဉ်နဲ့ရိုက်တဲ့ ကောင်းကင် ဓာတ်ပုံအရ အင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ မြို့ရိုးသဏ္ဌာန်တွေကို တွေ့ ရပါတယ်။ မြို့ရိုးက ၂ ခုဖြစ်နေလို့ မြို့ ဟောင်း(၁)နဲ့(၂)ဆိုပြီး လုပ်လိုက်တယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် မုတ္တီးဟာ သိမ် ငယ်သွားတယ်။ မုတ္တီးတစ်ခုတည်းလို ဖြစ်သွားတယ်။ ရွှေဂူတောင်ကို ပတ် တည်ထားတဲ့ မြို့ရိုးတွေကို စော်ဝရွာ ဘက်ရှိနေတော့ နှစ်ခြမ်းခွဲထားသလို ဖြစ်သွားတယ်။ တကယ်လို့ ဒီမြို့ရိုး၂ ခုကိုသာ တစ်ခုတည်းအဖြစ်ပေါင်းပြီး ကြည့်ရင် မုတ္တီးမြို့ဟောင်းဟာ တနင်္သာ ရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့ရိုးရှိ တဲ့မြို့ဟောင်းတွေထဲမှာ အကြီးဆုံးဖြစ် ပါတယ်။ ကောင်းကင်ဓာတ်ပုံထဲမှာ မုတ္တီးမြို့ရဲ့အနောက်ဘက်မြို့ရိုးကို မတွေ့ ရပေမယ့် မြေပြင်မှာ ရှိနေပါတယ်။

ပြီးတော့ အခု မုတ္တီးရွာဘက်မှာရှိတဲ့ မုတ္တီးမြို့ဟောင်းဆိုရင် မြို့ရိုး ၃ ထပ် အနည်းဆုံးရှိတယ်။ အရှေ့ဘက်ခြမ်း နပ်စာရီတောင်၊ ရွှေဟင်္သာတောရအောက် ခြေခြမ်းမှာဆိုရင် ၄ ထပ်အနည်းဆုံးရှိ တယ်။ ပြီးတော့ တောင်ခြေနဲ့ကပ်ပြီး အတွင်းမှာ အဝိုင်းသဏ္ဌာန်မြို့ရိုး ရှိနေသေး တယ်။ ၂၀၀၄ခုနှစ်မှာ မြို့ရိုးတွေ ကွင်း ဆင်းပြီး မြေပြင်မှာရှိတဲ့အတိုင်း မြေပုံ ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက် လျော့ခဲ့ရတယ်။ တောထူတာကတစ်မျိုး၊ မြို့ရိုးတွေများတာကတစ်ဖုံ၊ အချိန်နည်း တာရယ်၊ ငွေမရှိတာရယ်၊ လူမအားတာ တွေကြောင့် လက်လျှော့ခဲ့ရတယ်။

မုတ္တီးမြို့ဟောင်းမှာ အများဆုံးတွေ့ ရတာက အုတ်ခွက်ဘုရားတွေပါ။ ဒီ အုတ်ခွက်တွေက ပုဂံခေတ်လို့ အများစု သတ်မှတ်ထားပါတယ်။ ပြီးတော့ ဂဝံ ကျောက်တွေပါ။ အဓိကလက်ရာတစ် ခုဖြစ်တဲ့ ဂျောဘုရား ( လဲဂျောတောဘု ရား)ဆိုရင် ရှေးမူပျောက်ခဲ့ပါပြီ။ ထား ဝယ်ဒေသအတွင်း အထူးခြားဆုံး ဟိန္ဒူ ယဉ်ကျေးမှုကိုပြပါဆိုရင် မုတ္တီးကျေးရွာ အဝင်ဝက လှံထောက်က ကျောက်ရုပ်တု ကိုပြရမှာ ဖြစ်ပါတယ်။ ပြီးတော့ ရွှေတောင်စားဘုရားကြီးပြတိုက်ထဲက ဟိန္ဒူရုပ်တုတွေကလည်း မုတ္တီးကလို့ဆို ပါတယ်။ ထားဝယ်သမိုင်းတွေရဲ့ ဖော်ပြ ချက်အရ အင်းဝမင်းခေါင်ရဲ့သားဖြစ်သူ မင်းတရားက တည်တယ်ဆိုတဲ့အဆိုကို ပြင်ဆင်ချင်ပါတယ်။ အထက်မှာ ဖော်ပြ ခဲ့တဲ့ အုတ်ခွက်ဘုရားတွေရဲ့ သမိုင်းသက် သေအရ မုတ္တီးမြို့ဟောင်းဟာ ပုဂံခေတ် ထားဝယ်မြို့ဟောင်းတစ်ခုသာ ဖြစ်တယ် လို့ ဆိုချင်ပါတယ်။ ပြီးတော့ မြို့ဟောင်း ရာ(၂)ခုကို မခွဲခြားဘဲ မုတ္တီးမြို့ဟောင်း (၁)ခုတည်းအဖြစ် ပြန်လည်ပြင်ဆင်ပြီး ဖော်ထုတ်စေချင်ပါတယ်။

မုတ္တီးမြို့ဟောင်းကို တူးဖော်လေ့လာ ခြင်း မလုပ်ရသေးပါ။ အသစ်သစ်သော တွေ့ရှိနေရတဲ့ အထောက်အထားများ ကြောင့် အမြန်ဆုံးတူးဖော်မှု လုပ်သင့်ပါ ပြီ။ မုတ္တီးရွာမှ ရဟန်းသံဃာလူထုမှလည်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ချင်နေပါတယ်။ မေလ ၂၀ ရက်က အုတ် ခွက်ဘုရားများတွေ့ရှိရာမှာ အလေးထား ဆောင်ရွက်ပေးသော တိုင်းဒေသကြီး အစိုးရ၊ လွှတ်တော်နှင့် ဒေသခံဆရာတော် များ၊ ပြည်သူများကို ကျေးဇူးတင်မိပါ တယ်။