ရေနံမြေ နံနက်ခင်းငါးဈေး ယောကြီးဝတံတားထိပ်သို့ရွှေ့

0
435

ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကန့်ကွက်ခြင်းခံနေရသည့် မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ နံနက်ခင်းငါးဈေးကို မြို့သစ်ရပ်၊ ကမ်းလွန်သင်္ဘောဆိပ် ယောကြီးဝတံတားထိပ်သို့ ဇွန်လ ၂၇ ရက်က ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မ တီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ပြောင်းရွှေ့သွားသည့်နေရာသည် ငါးလှေဆိုက်ကပ်ရန် ဆိပ်ကမ်းနှင့် နီးခြင်း၊ လူနေအိမ်ခြေမရှိခြင်း၊ ရေစီးရေ လာကောင်းမွန်သည့် ရေဆင်းမြောင်း ရှိခြင်း၊ ရောင်းသူ/ဝယ်သူ သွားလာရ အဆင်ပြေမှုရှိခြင်း စသည့်အားသာချက် များကြောင့် ယင်းနေရာအား ရွေးချယ်ခဲ့ ခြင်းဖြစ်သည်ဟု ဦးမြတ်ကိုကိုက ဆိုသည်။
“အရင်နေရာထက်စာရင် အားသာ ချက်အများကြီး တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြောင်းရွှေ့သွားသည့် ငါးဈေး အလျား ပေ ၂၀၀ ကျော်နှင့် အနံပေ ၂၀ ခန့်ကို ကွန်ကရစ်ခင်းထားပြီး ဆိုင်ခန်း နေရာ သတ်မှတ်ပေးထားကြောင်းဟု ဦးမြတ်ကိုကိုက ဆိုသည်။

ယခင်ရေနံမြေရပ်ကွက်ရှိ ငါးဈေး မှာ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ် များ၏ မျက်နှာစာ၌ ဖြစ်နေပြီး ရေစီး ဆင်းရန်မလွယ်ကူသော ရေနုတ်မြောင်း များကြောင့် တစ်နေ့လုံးငါးညှီ§နံ့ (အပုပ်နံ့) ရှုရှိုက်နေရသဖြင့် ကျန်းမာ ရေးအတွက် အဆင်မပြေဟု ရေနံမြေရပ် ငါးပုစွန် အဝယ်ဒိုင်မှ မချိုမာဝင်းက ပြောသည်။
“ပိုကောင်းသွားတယ်၊ အရင်နေရာ ထက်လည်း အစစအရာရာ အဆင်ပြေမှု ရှိတယ်”ဟု ၎င်းကပြောသည်။
ယခင် ရေနံမြေငါးဈေးမှထွက်ရှိ သော အနံ့အသက်များနှင့် ငါးရောင်း ဝယ်ရန်လာသော ယာဉ်များလူများ၏ အသံဆူညံမှုများကြောင့် ပြောင်းရွှေ့ပေး ရန် ရပ်ကွက်နေသူများက လွန်ခဲ့သော တစ်နှစ်ခန့်မှစကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယခုဖွင့်လှစ်မည့် ငါးဈေးကို နံနက် ၂ နာရီမှ နံနက် ၅ နာရီ အထိသာ ရောင်း ချခွင့်ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။