ပလောက်တွင် ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်

0
529

ပလောက်မြို့တွင် ဖခင်အရင်းက အသက် ၁၆ နှစ် အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
ပလောက်မြို့ ကျောက်လုံးကြီးကျေး ရွာအုပ်စုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၈ နှစ်အရွယ်ရှိ ဖခင်အရင်းက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၈ လခန့်က မိခင်ဖြစ်သူ ကလေးမွေးရန် ဆေးရုံတက်နေစဉ် အရက်မူးနေသည့် ဖခင်က ခြိမ်းခြောက် ကာ မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်းတွင်လည်း နောက်တစ် ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ဖြစ်ပွားခဲ့သည်ကို မိခင် ဖြစ်သူနှင့် အဘွားဖြစ်သူက မေးမြန်းရာ မှ ဇူလိုင်လ ၄ ရက်နေ့တွင်မှ သိရ ခြင်းဖြစ်ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။
လက်ရှိတွင် ဖခင်ဖြစ်သူအမျိုးသား မှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့တွင် ပလောက်နယ်မြေရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။