ကော့သောင်း NLD စည်းရုံးရေး လှုပ်ရှားမှု သမိုင်းမှတ်တမ်းစာအုပ် ထုတ်မည်

0
379

ကော့သောင်းမြို့နယ်NLD စည်း ရုံးရေးလှုပ်ရှားမှု သမိုင်းမှတ်တမ်းစာ အုပ်ထုတ်မည်ဖြစ်ကြောင်း စာတမ်းပြုစု ရေးကော်မတီထံမှ သိရသည်။
မျိုးဆက်သစ်များနှင့် သမိုင်း အထောက်အထား မသိရှိသေးသူများ လေ့လာစရာရှိနေစေရန် ယင်းသို့ မှတ် တမ်းပြုစု ရေးသားထုတ်ဝေရန် စီစဉ် ခြင်းဖြစ်ကြောင်း သိရသည်။

“မှတ်တမ်းပြည့်စုံရင် နာယက တွေကို တင်ပြ၊ အဆင့်ဆင့်အတည်ပြု ချက်ရယူပြီးမှ စာအုပ်ထုတ်ဖြစ်မှာပါ”ဟု စာတမ်းပြုစုရေးကော်မတီတာဝန်ခံ ဦးအောင်ရွှေက ပြောသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့နယ်အတွင်း လှုပ်ရှားမှုများနှင့် ပါတီ ဖွဲ့စည်းဖြစ်ခဲ့သည့် အခြေအနေ၊ပါဝင်ခဲ့ သူများ၊ မှတ်တမ်းဓာတ်ပုံများအားအဆို ပါစာအုပ်တွင် ထည့်သွင်းဖော်ပြသွား မည်ဖြစ်ကာ ဆောင်းပါး၊ ကဗျာများ လည်း ထည့်သွင်းသွားရန် ရည်ရွယ်ထား ကြောင်း သိရသည်။
အဆိုပါစာအုပ်ထုတ်ရန်အတွက် ကော့သောင်းမြို့နယ် NLDရုံး ရန်ပုံငွေ ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ် ပြီး ယခုနှစ်အတွင်း အပြီးသတ်ထုတ်ဝေ ရန် လျာထားသည်ဟု စာတမ်းပြုစုရေး ကော်မတီထံမှ သိရသည်။

ဆောင်းပါး၊ ကဗျာ၊ မှတ်တမ်း ဓာတ်ပုံများအားပေးပို့နိုင်ကာ အမှတ်-၃၊ မြရည်ပုလဲလမ်း၊ ရွှေဇင်ယော်ရပ်ကွက် ရှိ စာတမ်းပြုစုရေးတာဝန်ခံ ဦးအောင်ရွှေ ထံ မည်သူမဆို ပေးပို့နိုင်ကြောင်း သိရ သည်။