စည်ပင်လမ်းခင်းရာတွင် ငွေထည့်ဝင်ရန် မလိုတော့ဟုဆို

0
455

ထားဝယ်မြို့ ဧရိယာအတွင်း လာမည့်ဘဏ္ဍာရေးနှစ် စည်ပင်ဌာနက လမ်းခင်းရာတွင် ပြည်သူများ ငွေထည့် ဝင်ရန် မလိုတော့ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စည်ပင်က ထားဝယ်မြို့အတွင်း ကွန် ကရစ်၊ ကတ္တရာလမ်းများခင်းရာတွင် စည်ပင်သာယာရေး ရန်ပုံငွေဖြင့်သာ လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ငွေကြေး ကောက်ခံတော့မည် မဟုတ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။
ယခင်က မြို့အတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းရာတွင် ကျသင့်ငွေ ၏ ၃၀ ရာခိုင်နှုန်းဝန်းကျင်ကို သက် ဆိုင်ရာလမ်းတွင် နေထိုင်သူများက ထည့်ဝင်နေရကြောင်း ၎င်းက ပြောသည်။

လာမည့်ဘဏ္ဍာနှစ်တွင်မူ တိုင်း အစိုးရက ငွေကျပ် သန်းတစ်ထောင် ထောက်ပံ့ပေးထားသည့်အတွက် ငွေ ကြေး ထည့်ဝင်ရန် မလိုတော့ကြောင်း ဦးလှဦးက ဆိုသည်။
“ပြည်သူတွေ ငွေထည့်ဖို့မလိုတော့ ဘူးဆိုတော့ ကောင်းတာပေါ့၊ ထည့်ရတဲ့ ငွေပမာဏတွေက လက်လုပ်လက်စား တွေဆို အရမ်းအခက်အခဲဖြစ်တယ်”ဟု ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ပြည်သူများထံတွင် လမ်းအတွက် ငွေကြေးထည့်ဝင်စေခြင်း နှင့်ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သည်။