ပုလော ရှပ်ပုံတွင် သစ်ပင်လှဲစဉ် ဓာတ်တိုင်အချို့ ပျက်စီး

0
409

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအဝင် လမ်းနံဘေးတွင် ရွာသားတစ်ဦးကဒူးရင်း ပင်ခုတ်လှဲရာ အပင်က ဓာတ်အားလိုင်း ပေါ်ကျခဲ့သဖြင့် ဓာတ်တိုင်အချို့ ပျက်စီး ခဲ့ကြောင်း ဖိုးသီးချို လျှပ်စစ်ဝန်ဆောင် မှုကုမ္ပဏီထံမှ သိရသည်။
ဇူလိုင်လ ၇ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဓာတ်တိုင်တစ်တိုင်လဲကျကာ လေးတိုင်မှာ ယိုင်နဲ့ခဲ့ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။
၎င်းအပြင် ဓာတ်ကြိုးများနှင့်ဓာတ် တိုင်ရှိ အတန်းများလည်းပြုတ်ကျခဲ့သည့် အတွက် ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ဝင်းထိန်က ပြောသည်။

ပျက်စီးသွားသည့်လိုင်းကိုပြင်ဆင် ပြီးသည့်အချိန်ထိ ရှပ်ပုံ၊ ပြင်းငယ်၊ ရေချိုရွာတို့ကို မီးဖြတ်တောက်ထားရ မည်ဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့ခန့်တွင် မီးပြန်လွှတ်ပေးနိုင်မည်ဟု ခန့်မှန်းကြောင်း ဒေါက်တာဝင်းထိန်က ဆိုသည်။
ယင်းလိုင်းမှာ အစိုးရရန်ပုံငွေဖြင့် တည်ထောင်ထားသော ပြင်ပအခွံ အကာအကွယ် (ကာဗာ) မရှိသည့် ၁၁ ကေဗွီ ဓာတ်ကြိုးလိုင်းဖြစ်ပြီး ဖိုးသီးချို ကုမ္ပဏီမှ ဒီဇယ်မီးဖြင့် လျှပ်စစ်ဖြန့်ဝေ နေသည်။

ယင်းလိုင်းတွင် ဗို့အား ၁၁၀၀၀ ပို့လွှတ်နေခြင်းကြောင့် ယခုဖြစ်စဉ်မှာ လျှပ်စစ် အန္တရာယ်ကျရောက်ရန် အလွန် နီးစပ်ကြောင်း ဒေါက်တာဝင်းထိန်က ပြောသည်။
“လိုင်းနဲ့ နီးနီးနား သစ်ပင်လှဲရင် အဓိက နဏဃ ကို ဖုန်းဆက် အကြောင်း ကြားဖို့လိုတယ်၊ အကြောင်းမကြားဘဲ လှဲလို့ (လိုင်းပေါ်)ကျလာလို့ဓာတ်လိုက် လာရင် တစ်စင်လုံးထိသလို အိမ်တွေ မှာလည်း အန္တရာယ်များတယ်”ဟု ဒေါက်တာဝင်းထိန်က ပြောသည်။

ပုလောတွင် လျှပ်စစ်ဓါတ်အား မကြာခဏဖြတ်တောက်နေရပြီး ပိတ်ရ သည့်အကြောင်းအရင်းမှာ ကာဗာမဲ့ဓာတ် အားလိုင်းနှင့် သစ်ပင်၊ ရော်ဘာပင်များ က ကပ်လွန်းနေသဖြင့် ခုတ်သည့်အချိန် များတွင် အခက်အခဲရှိခြင်းကြောင့်ဖြစ် ကြောင်း ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီထံမှ သိရသည်။